120Hz refresh rate ပါဖို့ ရှိပါတယ်

Samsung ဟာ လာမယ့် ဖေဖော်ဝါရီလလယ်လောက်မှာ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်သစ်တွေ မိတ်ဆက်သွားမယ်လို့ ကြေညာထားပါတယ်။

ဆန်ဖရန်စစ္စကိုမှာ ကျင်းပသွားမယ့် Galaxy Unpacked 2020 ပွဲမှာ မြင်ရဖို့ ရှိတဲ့ ဖုန်းတစ်လုံးက Samsung ရဲ့ flagship ဖုန်းသစ်ဖြစ်တဲ့ Galaxy S20 စီးရီးပါပဲ။ Galaxy S20+ ဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိပြီး Max Weinbach ကနေ ရထားတဲ့ live photo တွေအရ စိတ်ဝင်စားဖို့ ကောင်းနေတာ တွေ့ရပါတယ်။




Photo: PhoneArena

‌Galaxy S20+ 5G ဟာ Infinity-O display သုံးထားပြီး အတော်လေး ပါးလွှာတဲ့ bezel တွေနဲ့ ဘေးဘောင်ကွေးညွတ် display ဒီဇိုင်းကို သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မ ပါရှိမယ်လို့ သတင်းထွက်ထားပြီး ရှေ့မှန်ပြင်ရဲ့ အလယ်မှာ တစ်လုံးတည်းသော ကင်မရာ hole တစ်ခု တပ်ဆင်ထားပါတယ်။

Galaxy S20+ နဲ့အတူ Galaxy S20 နဲ့ ပိုပြီး အရွယ်အစားကြီးမားတဲ့ Galaxy S20 Ultra တို့ကို မိတ်ဆက်သွားမှာပါ။ Galaxy S20 နဲ့ Galaxy S20 Ultra တို့ဟာ မျက်နှာပြင် ၆.၂ လက်မနဲ့ ၆.၉ လက်မစီ ရှိပြီး ဖုန်းအားလုံးဟာ 3200 x1440p ရုပ်ထွက်နဲ့အတူ 120Hz refresh rate အထိ ပါမယ်လို့ ဆိုပါတယ်။

အလူမီနီယံကွပ်ထားပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ ကင်မရာ setup တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ ကင်မရာ ၄ လုံး သုံးသွားဖို့ ရှိပြီး main sensor နဲ့အတူ ultra-wide ၊ telephoto နဲ့ macro lens ကင်မရာတွေ သုံးသွားဖို့ ရှိပါတယ်။ ပင်မကင်မရာအနေနဲ့ အလင်းအားနည်းချိန် ပုံရိပ်ရိုက်ကူးမှုကို ပိုမိုကောင်းမွန်စေတဲ့ 12MP 1.8 micron သုံးမယ်လို့ သတင်းထွက်ထားပါတယ်။


Photo: 9to5google

5G ဖုန်းဖြစ်တဲ့အတိုင်း 5G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ Snapdragon 865 chipset နဲ့ ပြည်တွင်းဈေးကွက်မှာ Exynos 990 chipset တွေ သုံးသွားဖို့ ရှိပါတယ်။ Galaxy Unpacked ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီပွဲမှာ Galaxy S20 ဖုန်းသစ်တွေနဲ့အတူ Galaxy Z Flip ခေါက်ဖုန်းနဲ့ Galaxy Buds+ တို့ကိုလည်း မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က