ကျောဘက် ကင်မရာ ၁ လုံးပဲ လာမှာပါ

Samsung ဟာ mid-range မော်ဒယ်တွေအဖြစ် Galaxy On series တွေကို မိတ်ဆက်ခဲ့တာပါ။ လာမယ့် ဇူလိုင် ၂ ရက်နေ့မှာ မြင်ရမယ့် Galaxy On ဖုန်းသစ်ကတော့ ၂၀၁၇ နောက်ပိုင်းထွက် flagship မော်ဒယ်တွေရဲ့ နည်းပညာ ပါလာတော့မယ်လို့ဆိုပါတယ်။



 

အိန္ဒိယမှာ မိတ်ဆက်သွားမယ့် ဒီဖုန်းရဲ့ နာမည်ကို မကြေငြာသေးဘဲ Galaxy On series စမတ်ဖုန်းအသစ်အနေနဲ့ပဲ သိထားတာပါ။ ဒီဖုန်းဟာ Galaxy S8 ကစပြီး ပထမဆုံး သုံးလာတဲ့ Super AMOLED Infinity display ကို သုံးသွားမှာပါ။ ဒီဖုန်းရဲ့ အဓိကကျတဲ့ အချက်အလက်တွေအကြောင်း ဘာတစ်ခုမှ မသိရသေးပေမယ့် ကျောဘက်မှာ fingerprint reader နဲ့အတူ ကင်မရာတစ်လုံးတည်း သုံးဖို့သေချာသလောက် ရှိနေပါတယ်။

processor ကိုတော့ Samsung ထုတ် ကိုယ်ပိုင် Exynos chipset ကို သုံးသွားမှာဖြစ်ပြီး RAM 4GB ပါလာမယ်လို့ဆိုပါတယ်။ Galaxy On တွေကို အိန္ဒိယရဲ့ အပြင်ဈေးကွက်မှာ Galaxy J seriesတွေ နဲ့အနီးစပ်ဆုံး နှိုင်းယှဉ်ကြပါတယ်။ နောက်ပိုင်းမှာ Samsungဟာ Galaxy S series လို high-end မော်ဒယ်တွေအပြင် Galaxy A6/A6+ ၊ Galaxy J8 တို့လို mid-range တန်း ဖုန်းတွေမှာပါ Infinity display ကို သုံးလာတာပါ။

 

Samsung ဟာ နှစ်ဆန်းပိုင်းက မြန်မာငွေ ၃ သိန်းကျော်တန် Galaxy On7 Prime ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီတစ်ခါ Galaxy On စမတ်ဖုန်းသစ်ကလည်း ဒီဈေးပတ်ချာလည်လောက် ဖြစ်ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က