Galaxy Note 20 စီးရီး ဖုန်း ၃ မျိုးလည်း မိတ်ဆက်သွားမှာပါ

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရှိပေမယ့် Samsung ကတော့ Unpacked Event ကို ခပ်စောစော ကျင်းပသွားဖို့ ရှိနေပါတယ်။

COVID-19 အတွင်း ဖုန်းမိတ်ဆက်မှုနဲ့ နည်းပညာပွဲအများစုကို အွန်လိုင်းကနေ ကျင်းပလာနေချိန်မှာ Samsung ရဲ့ Galaxy Unpack ပွဲကိုလည်း Virtual အဖြစ် ကျင်းပသွားဖို့ ရှိပါတယ်။ CNET သတင်းအရ Galaxy စီးရီး Samsung ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Note ၊ Galaxy Fold နဲ့ 5G ဗားရှင်း Galaxy Z Flip ဗားရှင်းသစ်တွေကို ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။



Galaxy Z Flip (Photo: Business Insider)

ဒီနှစ်ထဲမှာ Samsung ဟာ Galaxy Note 20 စီးရီး ၊ Galaxy Fold 2 နဲ့ Galaxy Z Flip 5G တို့ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Front Page Tech မှ ဂျွန်ပရော့ဆာရဲ့ Tweet မှာ ဒီဖုန်းတွေကို ရောင်းချမယ့်ရက်ဟာ ဩဂုတ်လ ၂၀ ရက်နေ့ ဖြစ်တယ်လို့ ဆိုပါတယ်။ Samsung ကုမ္ပဏီဘက်ကတော့ ဒီသတ်းတွေကို မှတ်ချက်ပြု ပြောကြားခြင်း မရှိပါဘူး။

Samsung ဟာ ၂၀၂၀ ထွက် Galaxy Note 20 တို့ကို ဗားရှင်း ၃ မျိုးနဲ့ မိတ်ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ Galaxy Note 20 ဟာ Screen Size အနေနဲ့ ၆.၄ လက်မနဲ့ ၆.၇ လက်မအကြား ရှိနိုင်ပြီး Galaxy Note 20 Plus ဟာ မျက်နှာပြင် ၆.၉ လက်မအရွယ်အစား ရှိနိုင်ပါတယ်။ Galaxy Note 20 Ultra ကတော့ မျက်နှာပြင်အရွယ်အစား ၇ လက်မကျော်ဖို့ ရှိပါတယ်။

နမူနာဒီဇိုင်း (Photo: androidheadlines)



Galaxy Z Flip 5G ဗားရှင်းကိုလည်း Galaxy Note 20 lineup တို့နဲ့အတူ တစ်ရက်တည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ လက်ရှိထွက်ထားတဲ့ Galaxy Z Flip မော်ဒယ်ဟာ LTE support ပဲ ပါပြီး Snapdragon 855 chipset သုံးထားပါတယ်။ 5G ဗားရှင်းမှာ ဘယ် processor သုံးမလဲ မသိရသေးပါဘူး။ 5G မော်ဒယ်ဟာ base storage အနေနဲ့ 256GB ကနေ စသုံးလာပြီး အညိုရောင်ကာလာသစ်လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။

Galaxy ဖုန်းသစ်တွေ မိတ်ဆက်မှုနဲ့အတူ Watch 3 စမတ်နာရီလည်း ကြေညာသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က