ဂရပ်ဖစ် update ထွက်လာတော့မှာပါ

Huawei ထုတ် mid-range ဖုန်းတစ်ချို့ဟာ လာမယ့် သြဂုတ်လကုန် စက်တင်ဘာလဆန်းပိုင်းကစပြီး Gaming smartphone တဖြစ်လဲ အသုံးပြုနိုင်တော့မှာပါ။



android-authority-huawei-gpu-turbo-release-schedule-2-840x261.jpg

photo: Android Authority

 

၂၀၁၇ ထုတ် Huawei P10 ကနေ Nova 2i လို mid-range ဖုန်းတွေအပါအဝင် နောက်ဆုံးထွက် Huawei P20/P20 Pro တို့ပါ gaming smartphone ဖြစ်လာစေမယ့် အဓိကအချက်ကတော့ Huawei ရဲ့ နောက်ဆုံးထွက် ဂရပ်ဖစ်နည်းပညာ GPU Turbo update ကြောင့်ပါပဲ။ ဒီဆော့ဖ်ဝဲလ် update ကို ရှေ့လထဲက စပြီး စမတ်ဖုန်း ဂိမ်းစွမ်းဆောင်ရည်မြှင့်ဖို့မိတ်ဆက်သွားမှာပါ။

Huawei ရဲ့ GPU Turbo နည်းပညာကို Honor Play မှာ စတင်သုံးစွဲခဲ့တာ ဖြစ်ပြီး နောက်ဆုံးထွက် Honor 10 GT မှာလည်း ဒီနည်းပညာ ပါဝင်လာပါတယ်။ GPU Turbo နည်းပညာဟာ PUBG Mobile နဲ့Mobile Legends: Bang Bang တို့လို ဂိမ်းမျိုးကို frame rate အပြည့်နဲ့ဆော့နိုင်ဖို့HDR Gaming စနစ် ပံ့ပိုးပါရှိမှာပါ။

ဘက်ထရီအစားသက်သာပြီး ဂိမ်းဆော့ရ သွက်စေမယ့် ဒီနည်းပညာဟာ ကားမှာပါတဲ့ turbocharger နည်းပညာကို မှီးပြီး ထုတ်လုပ်ထားတာပါ။  ဒီနည်းပညာကြောင့် စမတ်ဖုန်းရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ဟာ ၆၀% အထိ အဆင့်မြှင့်တင်နိုင်သလို စွမ်းအင် သုံးစွဲမှုကိုလည်း ၃၀% အထိ  လျှော့ချနိုင်မယ်လို့ဆိုပါတယ်။

"စမတ်ဖုန်းလောကဟာ ဂရပ်ဖစ် သိပ်တောင်းတဲ့ ဂိမ်းနဲ့VR apps တွေနဲ့ထိပ်တိုက်ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။ Huawei အနေနဲ့စမတ်ဖုန်းတွေ ထုတ်ပြီးနောက်ပိုင်းမှာ ဒီဖုန်းတွေအတွက် လိုအပ်တဲ့ ဂရပ်ဖစ်ပံ့ပိုးမှုကို ဆန်းသစ်တီထွင်မှုနဲ့ပံ့ပိုးပေးသွားဖို့နည်းလမ်းတစ်ခု တီထွင်ထားတာပါ။" လို့ကုမ္ပဏီ ကထုတ်ပြန်ထားပါတယ်။

photo: Gizchina

 

တကယ်လို့ဂိမ်းဆော့တာကို အားမသန်တဲ့ သူတွေအတွက်လည်း နောက်ပိုင်းမှာ ခေတ်စားလာမယ့် AR/VR စနစ်များကနေ လူကိုယ်တိုင် ဝင်ရောက်ခရီးသွားနေရသလို ခံစားစေရမယ့် အတွေ့အကြုံကို GPU Turbo update ကနေ ပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က