မတ်လ ၁၉ ရက်နေ့ မှာ မိတ်ဆက်သွားမှာပါ

Nokia အမှတ်တံဆိပ်ထဲက ပထမဆုံး 5G ဖုန်းဟာ No Time To Die ဆိုတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ်မှာ ပါလာပါတယ်။

No Time To Die ဒုတိမြောက် Trailer ထဲမှာ အေးဂျင့် ၀၀၇ ဟာ ဈေးကွက်ထဲ မကြေညာရသေးတဲ့ Nokia ဖုန်းတစ်လုံးနဲ့ စကားပြောနေတာ ပါဝင်လာပါတယ်။ GSMArena သတင်းကတော့ ဒါဟာ မတ်လ ၁၉ ရက်နေ့ လန်ဒန်မှာ တရားဝင် မိတ်ဆက်သွားမယ့် Nokia 8.2 5G ဖုန်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

Photo: GSMArena

HMD ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဟာ ဂျိမ်းစ်ဘွန်းကားသစ်ထဲမှာ ပါမယ်လို့လည်း ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကြေညာခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့မှာ HMD ဟာ အသစ်ထွက်ဖို့ ရှိတဲ့ Nokia ဖုန်းသစ်တွေအကြောင်း စက္ကန့် ၉၀ ကြာမြင့်မယ့် Commercial ဗွီဒီတစ်ခု ဖြန့်ချိသွားမှာပါ။

Nokia 8.2 5G ဟာ မျက်နှာပြင် ၆ လက်မကျော် ရှိပြီး 32MP pop-up selfie ကင်မရာနဲ့ လာမယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ Snapdragon 765G processor သုံး ဖို့ ရှိပြီး RAM 4GB , 6GB နဲ့ 8GB ဗားရှင်းအမျိုးမျိုးနဲ့ ထွက်လာဖို့ ရှိပါတယ်။

ကျောဘက်မှာ ထူးခြားတဲ့ စက်ဝိုင်းပုံ camera စနစ်နဲ့ လာပြီး စက်ဝိုင်းထဲမှာ LED flash တစ်ခုနဲ့အတူ ကင်မရာ ၄ လုံး ပါဝင်လာဖို့ ရှိနေပါတယ်။ ဖုန်းကိုယ်ထည် အပေါ်ဘောင်မှာ နားကြပ်ပေါက် တပ်ထားပြီး ကျောဘက်စက်ဝိုင်းပုံကင်မရာရဲ့ အောက်မှာ fingerprint scanner တပ်ဆင်ထားပါတယ်။

Nokia ရဲ့ ပထမဆုံး 5G ဖုန်းကို ၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းကားထဲမှာ တစ်ခြား Nokia ဖုန်းတွေ ဖြစ်တဲ့ Nokia 7.2 ၊ Nokia 3310 တို့နဲ့အတူ ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။ No Time To Die ရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ရုံတင်သွားဖို့ ရှိပါတယ်။



က္က