square camera ဒီဇိုင်းတွေ ခေတ်စားလာတော့မလား

တကယ်တမ်း ဈေးကွက်မှာ မိတ်ဆက်ဖို့၃-၄လလောက် လိုနေသေးပေမယ့် Google ရဲ့ နာမည်ကြီး high-end ဖုန်း မော်ဒယ်သစ်တွေရဲ့ ဒီဇိုင်းပေါ် ခန့်မှန်းမှူတွေ ရှိထားကြပြီ ဖြစ်ပါတယ်။

        Google Pixel 4 နဲ့Pixel 4 XL ကို မိတ်ဆက်မယ့်ရက်ဟာ ပုံမှန်အတိုင်းဆို အောက်တိုဘာလဆန်းပိုင်းလောက် ဖြစ်ပါလိမ့်မယ်။ Pricebaba နဲ့OnLeaks တို့မှာ တက်လာတဲ့ ပုံတွေကို အရ Google Pixel 4 နဲ့Pixel 4 XL တို့ဟာ လာမယ့် စက်တင်ဘာလမှာ ကြေညာသွားမယ့် iPhone XS/XS Max ရဲ့ အဆက် မော်ဒယ်တွေနဲ့အတော်လေး ဆင်နေတာ တွေ့ရပါတယ်။



Photo: Phone Arena

        လက်ရှိပုံတွေအရ ကျောဘက်မှာ စတုရန်းကွက်ပုံစံ ကင်မရာတွေနဲ့လာပြီး ရှေ့ဘက်မှာ ကင်မရာ ၂ လုံး သုံးမယ်လို့ယူဆရပါတယ်။ ဒီစတုရန်းကွက် ကင်မရာပုံစံထဲမှာ အနည်းဆုံး ကင်မရာ ၂ လုံး သုံးသွားဖို့ရှိပြီး triple lens သုံးလုံးတွဲကို သုံးသွားမယ်ဆိုတဲ့ အချက်က နီးစပ်နေပါတယ်။ တကယ်လို့ကင်မရာ ၃ လုံး သုံးမယ်ဆိုရင် တယ်လီကင်မရာနဲ့super-wide lens တွေနဲ့လာဖို့ရှိပါတယ်။

        Google Pixel 4 ရဲ့ အောက်ခြေ USB C Port ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ စပီကာပေါက်နှစ်ခု ပါရှိဖို့ရှိမယ်လို့OnLeaks က ဆိုပါတယ်။ ကိုယ်ထည် ညာဘက်မှာ အသံနဲ့ပါဝါခလုတ် ပါပြီး ဘယ်ဘက်မှာတော့ ဘာခလုတ်မှ မတွေ့ရပါဘူး။ notch သုံးသွားဖို့ရှိပြီး dual SIM ဖုန်းအဖြစ် မြင်ရမယ်လို့လည်း သတင်းထွက်နေပါတယ်။

        ကိုယ်ထည်ဟာ glass body နဲ့လာပြီး wireless charing နဲ့fast charging သုံးနိုင်ဖို့လည်း ရှိပါတယ်။ Android 10 Q စနစ် သုံးသွားမယ့် ဒီဖုန်းတွေဟာ အမြင့်ဆုံး Qualcomm processor ဖြစ်တဲ့ Snapdragon 855 SoC နဲ့လာပြီး RAM 6GB ကနေ သုံးသွားမယ်လို့လည်း ယူဆရပါတယ်။

    Photo: Phone Arena

        ဒီဖုန်းတွေဟာ IP68 rating ရေစိုဖုန်တင်ခံမယ့် ဖုန်းတွေ ဖြစ်ပြီး ဘက်ထရီပါဝါဘည်း ပိုကြီးလာဖို့ရှိပါတယ်။ ကျောဘက်မှာ fingerprint scanner မသုံးထားလို့in-display လက်ဗွေနည်းပညာနဲ့ထွက်လာမလား စောင့်ကြည့်ရမှာပါ။

Share

Loading Next Article...
က္က