ကင်မရာနဲ့ ဘက်ထရီပါဝါပိုကောင်းလာမှာပါ

Huawei Mate 30 စီးရီးက စပြီး Google မိုဘိုင်းဝန်ဆောင်မှုတွေအစား Huawei Mobile Services ပြောင်းလဲ အသုံးပြုလာတဲ့ Huawei ဟာ လာမယ့် ၂၀၂၀ မတ်လကုန်ပိုင်းမှာ နောက်ထပ် flagship စမတ်ဖုန်းသစ်ကို ကြေညာသွားတော့မှာပါ။

ပဲရစ်မှာ မိတ်ဆက်သွားမယ့် Huawei P40 နဲ့ P40 Pro တို့ဟာ Android 10 ကို အခြေခံထားတဲ့ EMUI 10 နဲ့ လာမယ်လို့ ဆိုပါတယ်။ Google Mobile Services (GMS) တွေတော့ မျိုးဆက်သစ် Huawei P series မှာ ပါလာမှာ မဟုတ်ပါဘူး။ Huawei ဟာ အမေရိကန်အစိုးရရဲ့ အမိန့်နဲ့ အမေရိကန်နည်းပညာများ သုံးစွဲခွင့် ပိတ်ပင်ခံထားရတာကြောင့် Google ရဲ့ ဆော့ဖ်ဝဲလ်တွေကို လိုင်စင်ခံပြီး သုံးလို့မရတော့ပါဘူး။



Photo: gsmarena


Android 10 ကတော့ open source ဖြစ်လို့ Huawei အနေနဲ့ လွတ်လွတ်လပ်လပ် ယူသုံးနိုင်မှာပါ။ GMS တွေ ရယူဖို့ လိုင်စင်မရှိတာ‌ကြောင့် Huawei ရဲ့ နောက်ထွက်လာမယ့် ဖုန်းတွေမှာ Google Play Store သုံးခွင့် မရှိသလို လိုင်စင်နဲ့ ထည့်သွင်းရတဲ့ Maps တွေ ၊ Uber နဲ့ Google Podcasts လို apps တွေပါ ပါလာမှာ မဟုတ်ပါဘူး။

Huawei Mate 30 Pro ဟာ အမေရိကန်အစိုးရရဲ့ Huawei ပေါ် ကုန်သွယ်ရေး တားမြစ်ချက် အသက်ဝင်ပြီးနောက် ထွက်လာတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ပရီမီယံ စမတ်ဖုန်းပါ။ လေးစားလောက်တဲ့ ကင်မရာစွမ်းဆောင်ရည် ၊ ချီးကျူးစရာ ဘက်ထရီစနစ်နဲ့ ထူးခြားတဲ့ စမတ်ဖုန်း နည်းပညာသစ်တွေ ပါဝင်တဲ့ Huawei Mate 30/Mate 30 Pro တို့အတွက် Google support မရခြင်းဟာ နိုင်ငံတကာဈေးကွက်ပေါ် ရိုက်ခတ်မှု ရှိနိုင်ပါတယ်။

တရုတ်ကတော့ Huawei ရဲ့ အဓိက ဖောက်သည်အများစု ရှိတဲ့ ဈေးကွက်ဖြစ်ပြီး တရုတ်မှာ Google ဝန်ဆောင်မှု မရတာကြောင့် Google Mobile Services မရခြင်းဟာ တရုတ်မှာ ပြဿနာ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ Huawei P40 Pro စီးရီးမှာ ဘက်ထရီသက်တမ်းနဲ့ ကင်မရာစွမ်းဆောင်ရည်ကို ပိုပြီး ကောင်းမွန်အောင် အဆင့်မြှင့်သွားမယ်လို့ Huawei Consumer Group ရဲ့ CEO ရစ်ချတ်ယုက ဆိုပါတယ်။


Photo: Stuff

ကုမ္ပဏီဘက်က တရားဝင်မပြောကြားသေးပေမယ့် Huawei P40 နဲ့ Huawei P40 Pro တို့ဟာ Kirin 990 5G chipset ကို သုံးသွားဖို့ ရှိနေတယ်လို့ သတင်းထွက်ထားပါတယ်။ Kirin 990 ထက် စွမ်းဆောင်ရည် ၅၀% ပိုကောင်းတဲ့ Kirin 1020 SoC ကိုတော့ Huawei Mate 40/Mate 40 Pro တို့မှာ မြင်ရဖို့ ရှိပါတယ်။

သေချာတဲ့အချက်က Huawei ရဲ့ in-house OS သစ် ဖြစ်တဲ့ HarmonyOS ကို စမတ်ဖုန်းတွေမှာ သုံးလာဦးမှာ မဟုတ်ပါဘူး။ Huawei ဘက်ကလည်း စမတ်ဖုန်းတွေမှာ Android စနစ်ပဲ ဆက်သုံးဦးမယ်လို့ အတည်ပြုထားပြီး HarmonyOS ဟာ စမတ်တီဗွီ ၊ စမတ်နာရီ ၊ စမတ်စပီကာ စတဲ့ စမတ်ထုတ်ကုန်တစ်ချို့မှာပဲ သုံးသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က