64MP ကင်မရာဖုန်းတွေ မြင်ရတော့မှာ

လာမယ့် အောက်တိုဘာလကုန်မှာ Realme ဟာ ထူးခြားတဲ့ ကင်မရာဖုန်းသစ် ၃ မျိုး အထိ ကြေညာသွားဖို့ရှိပါတယ်။


အိန္ဒိယမှာ 64MP ကင်မရာကို ပထမဆုံး သုံးတဲ့ စမတ်ဖုန်းကို အရင်ဆုံး မိတ်ဆက်မယ်လို့ကတိပေးထားတဲ့ Realme ဟာ Quad Lens လို့ခေါ်တဲ့ လေးလုံးတွဲ ကင်မရာစနစ်ကို သွားတော့မှာပါ။ အောက်တိုဘာလ အကုန်မှာဆိုရင် Realme ကနေ Quad Camera သုံး စမတ်ဖုန်းသစ် ၃ မျိုး ထုတ်လုပ်သွားမယ်လို့ပါ သတင်းထွက်ထားပါတယ်။



Photo: Android Authority

high-end specs တွေနဲ့ထွက်လာမယ့် Realme ဖုန်းသစ်ကို Realme 5 လို့ခေါ်သွားဖို့ရှိပြီး ဒီဖုန်းမှာ Samsung ISOCELL GW1 Sensor သုံး 64MP ကင်မရာ ပါလာမှာပါ။ ISOCELL Bright GW1 ဟာ အလင်းအားနည်းချိန်မှာ pixel ၄ ခုကို တစ်ခု ဖြစ်စေအောင် ပေါင်းစည်းပြီး 16MP ပုံတွေထုတ်ပေးပါတယ်။ 48MP sensor ကတော့ 12MP ပုံတွေကို default အနေနဲ့ထုတ်ပေးနိုင်ပါတယ်။

Realme ကနေ ထုတ်မယ့် Quad Camera သုံး စမတ်ဖုန်း ၃ မျိုးဟာ ပင်မစီးရီး Realme ဖုန်း ၊ Realme Pro ဖုန်းနဲ့Realme X series တွေထဲကနေ ထွက်လာဖို့ရှိပြီး Realme ရဲ့ Twitter မှာတော့ လာမယ့် Realme 5 နဲ့Realme 5 Pro တို့ဟာ 64MP Quad Camera ဖုန်းတွေ ဖြစ်မယ်လို့အတည်ပြုထားပါတယ်။ ဒါကြောင့်ပဲ entry-level စီးရီးဖြစ်တဲ့Realme C lineup ထဲမှာ ကင်မရာ ၄ လုံးတွဲ ဖုန်းထွက်လာဖို့မျှော်လင့်လို့မရသေးပါဘူး။

Photo: GSMArena

ကုမ္ဗဏီအနေနဲ့Quad Lens သုံး ဖုန်းတွေမှာ မြင်ရမယ့် အချက်အလက်တွေ ပြောမထားပေမယ့် ဒီဖုန်းမှာ 2x tele lens တွေနဲ့ultra-wide ကင်မရာတွေ ပါလာမယ်လို့ယူဆနေကြပါတယ်။ Realme ကတော့ ဒီဖုန်းတွေဟာ ultra resolution mode နဲ့ultra macro mode များ ပါလာမယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် ရုပ်ထွက်မြင့် super-resolutions စနစ်နဲ့အသေးစိတ်ပုံရိပ် ရိုက်ကူးနိုင်စွမ်းတွေလိုမျိုး ကင်မရာစွမ်းရည်တွေ သုံးသွားမယ့် သဘောပါ။

Realme ဟာ လာမယ့် အောက်တိုဘာ ၂၇ ဒီဝါလီနေ့မတိုင်ခင် အိန္ဒိယဈေးကွက်မှာ 64MP ကင်မရာသုံး စမတ်ဖုန်းကို ကြေညာထားပါတယ်။ ဒီဖုန်းတွေကတော့ အရင် မိတ်ဆက်နေကျ Realme ဖုန်းတွေထက် ဈေးအပြတ်အသတ် သာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က