တကယ်ပဲ flagship ဖုန်းဖြစ်မလား
Nyein Min Wai

Xiaomi ဖုန်းတွေထဲမှာ Redmi ဟာ entry-level အနေနဲ့ထွက်ထားတဲ့ brand ဖြစ်ပေမယ့် မကြာခင် မြင်ရမယ့် Redmi ဖုန်းသစ်ကတော့ flagship ဖုန်းတစ်လုံးအနေနဲ့မိတ်ဆက်သွားဖို့ရှိပါတယ်။

Photo: GSMArena

         Xiaomi ရဲ့ Weibo အကောင့်မှာ တင်ထားတဲ့ Redmi Pro 2 ရဲ့ render ပုံအရ ဒီဖုန်းဟာ အရင့်အရင် Redmi series တွေနဲ့ရော ထွက်ဖူးသမျှ Xiaomi ဖုန်းတွေနဲ့ပါ လုံးဝမတူတဲ့ ဖုန်းအဖြစ် မြင်ရမှာပါ။ Redmi Pro 2 ဟာ notch မပါတဲ့ punch hole ကင်မရာ မသုံးတဲ့ screen ဒီဇိုင်းကို သုံးသွားမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

         Redmi series ထဲမှာ သတင်းထွက်ထားတာ ကြာပြီဖြစ်ပေမယ့် တစ်ခါမှ မကြေညာသေးတဲ့ ဖုန်းတွေထဲမှာ Xiaomi Redmi Pro 2 လည်း ပါရှိပါတယ်။ Redmi Pro 2 ဟာ Xiaomi ကနေ cancel လုပ်ခဲ့တဲ့ ဖုန်းတွေထဲမှာ ပါပြီး အဲဒီအချိန်က ဒီဖုန်းဟာ ၅.၅ လက်မမော်ဒယ် ၊ Qualcomm Snapdragon 660 SoC သုံးမယ်လို့သတင်းတွေ ထွက်ခဲ့တာပါ။

         တကျော့ပြန် သတင်းထွက်လာတဲ့ Redmi Pro 2 မှာ Snapdragon 855 processor သုံးလာမယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် ၂၀၁၉ ထွက် အမြင့်ဆုံး အန်းဒရိုက်ဖုန်းတွေမှာ သုံးတဲ့ processor ကို Redmi series ထဲမှာ ပထမဆုံး သုံးလာတာလည်း ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာက Redmi ဖုန်းတွေထဲမှာ ဒီဖုန်းဟာ ပထမဆုံး triple lens သုံးသွားဖို့ရှိတဲ့ ဖုန်းပါ။

         ကင်မရာပိုင်းမှာ Redmi Note 7 အတိုင်း 48MP ကင်မရာနဲ့လာမယ်လို့ဆိုပါတယ်။ Redmi Pro 2 ဟာ ပြိုင်ဘက်နာမည်ကြီး တရုတ်ဖုန်းကုမ္ပဏီတွေရဲ့ upper mid-range ဖုန်းတစ်ချို့မှာ မိတ်ဆက်လာတဲ့ Pop-up ကင်မရာနဲ့လာဖို့ရှိပါတယ်။ ဒါကပဲ ဒီဖုန်းကို မှန်ပြင်ပြည့်ဖုန်းတစ်လုံးအဖြစ် တွေ့ရမယ့် ဒီဇိုင်းလည်း ဖြစ်ပါတယ်။

         နောက်တစ်ခုက Redmi ဖုန်းတွေမှာ ပထမဆုံး မှန်ပြင်အောက် လက်ဗွေနည်းပညာသုံးသွားဖို့ရှိပါတယ်။ Redmi Pro ပထမဆုံးဖုန်းကို ၂၀၁၆ မှာ မိတ်ဆက်ခဲ့ပြီးနောက်မှာ Redmi Pro 2 ကို ၂၀၁၇ မှာ မိတ်ဆက်သွားမယ်လို့သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပေမယ့် အခုထိတော့ မမြင်ရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က