ဖေဖော်ဝါရီ ၂၄ ရက် မိတ်ဆက်သွားဖို့ရှိပါတယ်

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပသွားမယ့် MWC ပွဲနဲ့အတူ Huawei ရဲ့ 5G ဖုန်းကို မြင်ရမှာ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

         Huawei ဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ 5G ဖုန်းတစ်လုံးကို မိတ်ဆက်သွားမယ်လို့သတင်းထွက်နေပြီး processor အနေနဲ့Kirin 980 processor ကို သုံးသွားဖို့ရှိနေပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက Huawei ရဲ့ 5G ဖုန်းဟာ ခေါက်နိုင် သိမ်းနိုင်တဲ့ foldable display နဲ့လာမယ်ဆိုတဲ့ သတင်းပါ။



Photo: Huawei

         မကြာသေးမီကလည်း Huawei ရဲ့ စားသုံးသူစီးပွားရေး လုပ်ငန်းစုဆိုင်ရာ CEO ရစ်ချတ်ယုကတော့ "လာမယ့် ဖေဖော်ဝါရီ ဘာစီလိုနာမှာ ခေါက်သိမ်းနိုင်တဲ့ screen နဲ့5G ဖုန်းကို ကမ္ဘာပေါ်မှာ ပထမဆုံး မိတ်ဆက်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်" လို့ပြောထားတာ ရှိပါတယ်။ 5G ဖုန်းတစ်လုံးဟာ လက်ရှိ 4G ကွန်ရက်ထက် အပြင်လက်တွေ့မှာ ဘယ်လောက် ဒေတာချိတ်ဆက်မှု သွက်လက်မလဲဆိုတာ ပြောရခက်ပါတယ်။

         အကြောင်းကတော့ 5G ကွန်ရက်ဖွံ့ဖြိုးမှုက အလှမ်းဝေးနေသေးတာကြောင့် ဖြစ်သလို 5G ဖုန်းတွေကို ဈေးကွက်မှာ မမြင်ဖူးသေးတာကြောင့်ပါ။ ပြီးခဲ့တဲ့အပတ်ကပဲ Huawei ဟာ 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ Balong 5000 ဆိုတဲ့ chip နဲ့Huawei 5G CPE Pro router သစ်တစ်မျိုးတို့ကို မိတ်ဆက်ခဲ့ပါတယ်။

          ဒီထဲမှာ Balong 5000 ဟာ ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်မယ်လို့ဆိုတာကြောင့် လက်ရှိ အမြင့်ဆုံး 4G LTE speed ထက် ၁၀ ဆ ပိုမြန်မယ့် ချပ်စ်လို့ဆိုရမှာပါ။ 2GB ၊ 3G ၊ 4G နဲ့5G ကွန်ရက်အားလုံးကို ပံ့ပိုးပေးနိုင်တဲ့ ဒီချပ်စ်ဟာ လိုင်းဆွဲအားကြန့်ကြာမှုအပြင် ပါဝါသုံးစွဲတဲ့ နှုန်းထားကိုပါ လျှော့ချပေးနိုင်တဲ့ ချပ်စ်ဖြစ်ပြီး လက်ရှိ တယ်လီကွန်းလောကမှာ အမြင့်ဆုံး benchmark ရထားတဲ့ ချပ်စ်ဖြစ်ပါတယ်။ လိုင်းဆွဲအားအနေနဲ့တော့ 4.6Gbps နှုန်းအထိ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။

         MWC ပွဲမှာ မိတ်ဆက်မယ့် ဖုန်းအကြောင်း အချက်အလက် အသေးစိတ်မသိရသေးပေမယ့် ဒီဖုန်းဟာ Balong 5000 ချပ်စ်နဲ့လာဖို့ရှိပါတယ်။ ဒီဖုန်းဟာ ဘယ်လောက် စိတ်လှုပ်ရှားစရာ ဖြစ်နေမလဲဆိုတာကို MWC ပွဲမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က