mechanical slider မသုံးဘူးလို့ဆိုပါတယ်။

Razer ကနေ ကမ္ဘာ့ပထမဆုံး Gaming smartphone ထုတ်ပြီး တစ်နှစ်မပြည့်ခင်မှာ Xiaomi ၊ Nubia နဲ့Asus တို့ကလည်း ဂိမ်မာတွေအတွက် ဆွဲအားပြင်းတဲ့ ဂိမ်းဖုန်းတွေ လိုက်ထုတ်ခဲ့ပါတယ်။ ဒီနှစ်ကုန်ပိုင်း Gaming smartphone လောကမှာ အသစ်မြင်ရမှာကတော့ Huawei ပါပဲ။



 

Huawei ရဲ့ စားသုံးသူ စီးပွားရေးဌာနဥက္ကဌ ဂျင်ရှုကတော့ Huawei ဟာ Game အထူးပြု ဖုန်းကို ထုတ်လုပ်နေပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိနိုင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ Huawei Gaming phone အကြောင်း အသေးစိတ်မသိရသေးပေမယ့် ဒီဖုန်းဟာ Huawei ရဲ့ GPU Turbo နည်းပညာ ကို သုံးသွားမယ်လို့ဆိုပါတယ်။ ဒီ GPU Turbo နည်းပညာသစ်ဟာ ဂရပ်ဖစ်လုပ်ဆောင်ချက်နည်းပညာသစ်ပါရှိပြီး ဂိမ်းကစားစဉ် ပါဝါသုံးစွဲမှု လျှော့ချဖို့နဲ့performace ပိုင်းစွမ်းရည် မြှင့်တင်မှုတွေ ပါလာမှာပါ။

Huawei GPU Turbo နည်းပညာဟာ HDR Gaming စနစ် ပံ့ပိုးပေးနိုင်ပြီး ပါဝါသုံးစွဲမှု ၃၀% လျှော့ချနိုင်သလို performance ပိုင်းကိုတော့ ၆၀% အဆင့်မြှင့်တင်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ ဒီဖုန်းမှာ Vivo NEX နဲ့Oppo Find X တို့လို ကင်မရာတွေကို mechanical slider တွေ သုံးသွားမှာမဟုတ်ဘူးလို့ရှုက ပြောပါတယ်။

Huawei ဟာ လာမယ့်နှစ်လယ်ပိုင်းမှာ AR ၊ VR နဲ့Mixed Reality စတဲ့ နည်းပညာတွေ ပံ့ပိုးနိုင်မယ့် 5G ဖုန်းကိုလည်း ထုတ်လုပ်သွားမယ်လို့ကြေငြာထားပါတယ်။ ဒါတင်မဟုတ်ဘဲ Huawei ဟာ ပိုက်ဆံအိတ်တစ်လုံးလို ခေါက်သိမ်းနိုင်တဲ့ စမတ်ဖုန်းကိုလည်း နောက်နှစ်မှာ ထုတ်လုပ်သွားမယ်လို့အတည်ပြုထားတာပါ။ Gaming smartphone ထုတ်မယ်ဆိုရင်တော့ Huawei ဟာ သူ့အရင်ထွက်ထားတဲ့ ပြိုင်ဘက် ဂိမ်းဖုန်းတွေထက် သာအောင် နည်းပညာနဲ့ဒီဇိုင်းဖွဲ့စည်းချက်များ အသုံးပြုသွားမလား စောင့်ကြည့်ရမှာပါ။

 

သေချာတဲ့တစ်ချက်က ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ Razer နဲ့Asus တို့ထက် ဈေးကွက်ဝေစု ပိုရထားတာ ဖြစ်လို့Huawei ရဲ့ Gaming phone ဟာ ဈေးကွက်အားဖြင့် ပိုပြီး အားသာချက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က