သြဂုတ်လ ၁၆ ရက်နေ့မှာ ရောင်းချသွားမှာပါ
Nyein Min Wai

Huawei ရဲ့ ပထမဆုံး 5G ဖုန်းအဖြစ် ဈေးကွက်ထဲ ဝင်ဖို့ကြေညာထားတဲ့ Huawei Mate 20 X (5G) ကို အွန်လိုင်းစတိုးတွေမှာ reservations တင်နိုင်ပြီ ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမယ့် Huawei Mate 20 X (5G) ကို Vmall အွန်လိုင်းစတိုးမှာ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပြီး လက်ရှိအချိန်မှာ ဒီဖုန်းကို ဝယ်ဖို့စိတ်ဝင်စားကြောင်း စာရင်းပေးသူ ၁ သန်းကျော် ရှိထားတယ်လို့ဆိုပါတယ်။

Photo: trustedreviews

Reservation ဆိုတာကတော့ အွန်လိုင်း flash sale တွေမှာ ချက်ချင်း ဝယ်ယူနိုင်ဖို့အတွက် ကြိုတင် စာရင်းပေးသွင်းတဲ့သဘောပါ။ pre-order နဲ့မတူတာက ဒီလိုစာရင်းသွင်းဖို့အတွက် ပိုက်ဆံကြိုပေးစရာမလိုပါဘူး။ reservation အနည်းအများပေါ် လိုက်ပြီး ဒီဖုန်းကို ဈေးကွက်က ဘယ်လောက်စိတ်ဝင်စားနေလဲဆိုတာ ချိန်ဆလို့ရပါတယ်။

Huawei Mate 20X (5G) ဟာ တက်ဘလက်တစ်လုံးရဲ့ အရွယ်အစားလို့ဆိုနိုင်တဲ့ မျက်နှာပြင် ၇.၂ လက်မ OLED panel နဲ့လာပြီး Gaming Experience အတွက် စိတ်ကျေနပ်စရာ အကောင်းဆုံး ဖုန်းထဲမှာ ပါဝင်နေပါတယ်။ Gaming Performance အသားပေး ဖုန်းဖြစ်ပေမယ့် ဒီဖုန်းရဲ့ တကယ့် Selling Point ကတော့ 5G ရတာပါ။


Photo: futurecdn

ဒီဖုန်းရဲ့ ထူးခြားချက်က NSA နဲ့SA 5G ကွန်ရက်နှစ်မျိုးစလုံးကို ထောက်ပံ့ပေးထားတာပါ။ လက်ရှိအချိန်မှာ SA 5G ကွန်ရက်ကို ဘယ်နေရာမှာမှ မသုံးသေးချိန်မှာ Huawei Mate 20 X (5G) က ဒီကွန်ရက်နှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

Kirin 980 processor ၊ RAM 8GB/256GB storage ၊ 40W fast charging ပံ့ပိုးမှု ပေးထားတဲ့ 4200 mAh ဘက်ထရီ နဲ့လာပြီး ကျောဘက်မှာတော့ 40MP ပင်မကင်မရာ ၊ 20MP + 8MP ဆိုပြီး သုံးလုံးတွဲကင်မရာစနစ်နဲ့လာပါတယ်။ 24MP ဆယ်လ်ဖီကင်မရာ သုံးထားတဲ့ Huawei Mate 20 X (5G) ကို တရုတ်ယွမ် ၆၁၉၉ ( မြန်မာငွေ ၁၃ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က