အောက်တိုဘာလထဲ မိတ်ဆက်သွားဖို့ရှိပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာ မြင်ရမယ့် Huawei ရဲ့ နောက်ထပ် flagship ဖုန်း Huawei Mate 30 စီးရီးကို လာမယ့် အောက်တိုဘာလထဲမှာ ကြေညာသွားဖို့ရှိပါတယ်။


         မိတ်ဆက်ဖို့လတော်တော်လေး လိုသေးပေမယ့် လောလောဆယ်မှာတော့ ဒီဖုန်းအကြောင်း အချက်အလက်တစ်ချို့ကတော့ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ Gizmochina မှာ ဖော်ပြချက်အရ Huawei Mate 30 နဲ့Mate 30 Pro တို့ဟာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး processor သစ်ဖြစ်တဲ့ Kirin 985 processor နဲ့လာမှာ ဖြစ်တယ်လို့ဆိုပါတယ်။



     Photo: Gizmochina


 7nm process နဲ့ထုတ်ထားတဲ့ Kirin 985 processor နဲ့အတူ 5G ချိတ်ဆက်မှု ရတဲ့ Balong 5000 5G modem ကိုလည်း ဒီဖုန်းမှာ သုံးသွားမှာပါ။ လတ်တလော ခန့်မှန်းမှုတွေအရ Huawei Mate 30 Pro ဟာ 5G နဲ့4G ဗားရှင်း ၂ မျိုးနဲ့ပဲ ထွက်လာမယ်လို့ဆိုပါတယ်။ မျက်နှာပြင်အရွယ်အစားမှာတော့ Mate 20 Pro မှာ ၆.၃၉ လက်မ OLED display သုံးခဲ့ပေမယ့် Mate 30 Pro မှာ ၆.၇၁ လက်မ OLED screen ကို သုံးသွားမှာ ဖြစ်ပြီး ဘေးလေးဘက်စလုံး curved အခုံးဒီဇိုင်း ဖြစ်ဖို့ရှိပါတယ်။

         Mate 30 series အတွက် Huawei ဟာ တရုတ် display ကုမ္ပဏီ BOE ရဲ့ နည်းပညာကို သုံးဖို့ရှိပြီး notch ဒီဇိုင်းသုံးမလား ၊ punch-hole လားဆိုတာ မသိရသေးပါဘူး။ 3D Face Unlock စနစ်နဲ့လာမှာ ဖြစ်ပြီး in-display လက်ဗွေနည်းပညာကိုလည်း သုံးမယ်လို့ယူဆရပါတယ်။ ကင်မရာအနေနဲ့ကျောဘက်ကင်မရာ ၄ လုံးသုံးဖို့ရှိပြီး 3D ToF sensor ပါလာဖို့ရှိပါတယ်။

Photo: Intellect Digest


         ဘက်ထရီပါဝါအနေနဲ့4200 mAh ပါဝါဘက်ထရီ သုံးသွားဖို့ရှိပြီး 55W SuperCharge အမြန်အားသွင်းနည်းပညာနဲ့လာမယ်လို့သတင်းထွက်ထားပါတယ်။ ကြိုးမဲ့အားသွင်းမှုအပိုင်းမှာ 10W reverse wireless charging သုံးသွားမယ်လို့မျှော်လင့်ရပြီး ဈေးနှုန်းနဲ့ထွက်ရှိမယ့်ရက် မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က