အမေရိကန်ဘက်က ပိတ်ဆို့မှုတွေအကြား စမတ်ဖုန်းရောင်းအားကို တင်ဖို့အခုလို ဈေးချပေးနေတာပါ
Nyein Min Wai

Google services တွေ မပါတော့တဲ့ Huawei Mate 30 ဖုန်းသစ်တွေ ရောင်းအားတက်ဖို့Huawei ဟာ discount အစီအစဉ်တစ်ချို့ လုပ်ဆောင်ထားပါတယ်။

တရုတ်မှာ Huawei Mate 30 ဖုန်းသစ်တွေကို စက်တင်ဘာ ၂၆ ရက်နေ့က တရားဝင် စတင်ရောင်းချခဲ့တာပါ။ စပြီး ရောင်းချတဲ့ မိနစ်ပိုင်းမှာပဲ Vmall.com ကနေ Huawei Mate 30 series ဖုန်းရောင်းအားဟာ ယွမ် သန်း ၅၀၀ ကျော် ( ဒေါ်လာ သန်း ၇၀ ဖိုးခန့်) ရှိခဲ့ပါတယ်။ ဒီလို ရောင်းအားတက်ဖို့အတွက်လည်း Huawei ဟာ လျှော့ဈေးအကြီးအကျယ် ချပေးခဲ့ပါတယ်။

Photo: liliputing

Gizmochina သတင်းမှာတော့ Huawei Mate 30 အနိမ့်ဆုံးမော်ဒယ်ကို ၃၉၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ခွဲကျော်) ဈေးနဲ့ရောင်းချပေးခဲ့တယ်လို့ဆိုပါတယ်။ ဂျာမဏီနိုင်ငံ မြူးနစ်မှာ မိတ်ဆက်စဉ်က Huawei Mate 30 RAM 8GB ဗားရှင်းကို ယူရို ၈၀၀ ( မြန်မာငွေ ၁၃ သိန်း ၃ သောင်းခန့်) ဈေးနဲ့ရောင်းမယ်လို့ကြေညာခဲ့ပါတယ်။ Huawei CEO ရစ်ချတ်ယုကိုယ်တိုင်က ဖုန်းဈေးချပေးမယ့်အကြောင်း တရုတ်လူမှုကွန်ရက်ကနေ ပြောခဲ့တာပါ။

Huawei ဟာ 4G မော်ဒယ်တွေပဲ ရောင်းချနေတာ ဖြစ်ပြီး လာမယ့် နိုဝင်ဘာမှာ 5G ဗားရှင်းကို ရောင်းထုတ်မှာ ဖြစ်ပါတယ။် တရုတ်မှာ စတင်ရောင်းချတဲ့နေ့မှာတော့ ဈေးပိုမြောက်တဲ့ Huawei Mate 30 Pro အားလုံး ရောင်းကုန်သွားခဲ့ပြီး Mate 30 ကတော့ ဝယ်လို့ရဦးမယ်လို့ဆိုပါတယ်။ အခုလို တန်ဖိုးကြီး ဖုန်းတွေ စရောင်းတဲ့နေ့မှာ Discount ချပေးရတဲ့ အကြောင်းကတော့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် စမတ်ဖုန်းရောင်းအား ကျဆင်းမှုကို ကာမိအောင်လို့ဖြစ်ပါတယ်။

Photo: The Verge


ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာမှာ ရှိနေပြီး ကမ္ဘာ့အကြီးဆုံး smartphone maker ဖြစ်ဖို့ရည်ရွယ်ထားတဲ့ Huawei အတွက် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုဟာ တကယ်ပဲ အကြပ်ဆိုက်ဖို့ရှိပါတယ်။


က္က