Honor ကလည်း စမတ်နာရီသစ် မိတ်ဆက်မှာပါ

Huawei ဟာ လာမယ့်စက်တင်ဘာလထဲမှာ Watch GT 2 Pro စမတ်နာရီကို ကြေညာသွားမယ်လို့ သတင်းပြေးနေပါတယ်။

Huawei Watch GT 2 Pro စမတ်နာရီသစ်ကို နိုင်ငံအများအပြားမှာ ထောက်ခံချက်ရထားပါတယ်။ ဒီထဲမှာ အမေရိကန်မှ FCC ၊ ဥရောပမှ ECC ၊ မလေးရှား SIRIM နဲ့ စင်ကာပူ IMDA စတဲ့ အေဂျင်စီတွေဆီက ထောက်ခံချက်ပါ ရထားတာ ဖြစ်ပါတယ်။ Watch GT 2 Pro ကိုVID-B19 ဆိုတဲ့ မော်ဒယ်နံပါတ်နဲ့ တင်ထားတာပါ။



Photo: Gizmochina

ဒီနာရီရဲ့ key features ထဲက တစ်ခုကတော့ 10W wireless charging ပံ့ပိုးသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။ Gizmochina သတင်းအရ ဘက်ထရီပါဝါဟာ အရင်နှစ်က ထွက်ခဲ့တဲ့ Huawei Watch GT 2 လိုပဲ 455mAh သုံးသွားမယ်လို့ ဆိုပါတယ်။ Huawei Watch GT 2 ဟာ standby မှာ ၂ ပတ်အထိ ဘက်ထရီပါဝါအသုံးခံမယ်လို့ ကြေညာထားတဲ့ နာရီ ဖြစ်ပါတယ်။

Pro မော်ဒယ်မှာတော့ Watch GT 2 နဲ့ Watch GT 2e တို့ထက် ဈေးပိုမြောက်မှာ ဖြစ်သလို features တွေလည်း ပိုစုံမှာပါ။ ဒီဇိုင်းအနေနဲ့ အရင်မော်ဒယ်တွေလိုပဲ စက်ဝိုင်းပုံ နာရီအိုးနဲ့လာပြီး အရွယ်အစားပိုများလာမယ်လို့ ဆိုပါတယ်။ စက်တင်ဘာလထဲမှာ Huawei Watch GT 2 Pro နဲ့အတူ Honor ကလည်း Honor Watch GS Pro နာရီသစ်ကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Huawei ရဲ့ ပရီမီယံ Mate series စမတ်ဖုန်းတွေ မိတ်ဆက်မယ့် အောက်တိုဘာလထဲမှာ Huawei Mate 40 series နဲ့အတူ Mate Watch စမတ်နာရီတွေလည်း ကြေညာသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က