Cine Lens ကင်မရာစနစ်ပါ မြင်ရမှာပါ
Nyein Min Wai

ကင်မရာအများကြီးသုံးတဲ့ စမတ်ဖုန်းခေတ်မှာ Huawei Mate 30 series ဟာ ထူးခြားတဲ့ ကင်မရာအတွဲအစပ်ကို သုံးလာဖို့ရှိပါတယ်။


တရားဝင် မိတ်ဆက်ဖို့၂ လကျော်လောက် လိုသေးတာကြောင့် Huawei Mate 30 အကြောင်းပြောမယ်ဆိုရင် ကောလာဟာလက ထက်ဝက်ကျော် ပါနေပါတယ်။ Huawei Mate 20 series တွေမှာလို စတုရန်းကွက် ကင်မရာဖွဲ့စည်းပုံနဲ့လာဖို့ရှိပြီး ရိုးရိုး 4G နဲ့5G ဗားရှင်းဆိုပြီး နှစ်မျိုးနဲ့ထွက်လာမယ်လို့သတင်းထွက်နေပါတယ်။ သေချာတဲ့အချက်က Huawei Mate 30 နဲ့Mate 30 Pro တို့ဟာ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး processor သစ်ဖြစ်တဲ့ 5G Modem ပါ Kirin 985 processor သုံးသွားမှာပါ။

Photo: Geek Tech Online

လေးဘက်လုံး ခုံးထားတဲ့ curved edge ဒီဇိုင်းနဲ့လာမယ့် Huawei Mate 30ဟာ display ကိုတော့ တရုတ်ကုမ္ပဏီ BOE ရဲ့ OLED screen နည်းပညာသုံးသွားဖို့ရှိနေပါတယ်။ in-display လက်ဗွေနည်းပညာအပြင် 3D Face Unlock ကိုပါ Huawei Mate 30 မှာ မြင်ရဖို့ရှိနေပြီး ကျောဘက်ကင်မရာစနစ်ဟာ Huawei P30 Pro လို 3D ToF sensor အပြင် ထူးခြားတဲ့ ကင်မရာအတွဲ အစပ်ကိုပါ သုံးလာမယ်လို့ခန့်မှန်းမှုတွေ ရှိနေပါတယ်။

Teme လို့ခေါ်တဲ့ Twitter သုံးစွဲသူတစ်ဦးရဲ့ Tweet မှာ Huawei Mate 30 ဟာ RYYB pixel နဲ့ရုပ်ရှင်ကင်မရာ feature ဖြစ်တဲ့ Cine lens ပါတဲ့ 40MP ပင်မကင်မရာ ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် Cine Lens သုံး 40MP ကင်မရာနဲ့အတူ 8MP 5x tele zoom ကင်မရာစနစ်ကို သုံးသွားမယ်လို့ဖော်ပြထားပါတယ်။ Cine Lens features မှာ Xperia 1 Cinema Pro လိုမျိုး လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။


Photo: moneycontrol

Huawei ဟာ P30 Pro မှာကတည်းက ထူးခြားတဲ့ ကင်မရာနည်းပညာတွေ ထုတ်ပြခဲ့တဲ့ ကုမ္ပဏီဖြစ်လို့၂၀၁၉ ရဲ့ နောက်ဆုံး flagship ဖုန်းမှာ Huawei P30 Pro ကိုပါ ကျော်ဖြတ်နိုင်မယ့် ကင်မရာနည်းပညာကို မြင်ရမှာပါ။ Huawei Mate 30 series မှာ နောက်ထပ်မြင်ရဖို့ရှိတဲ့ features တွေကတော့ 55W fast charging ပံ့ပိုးမှုနဲ့10W ကြိုးမဲ့အားပြန်သွင်းပေးမှုလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Huawei Mate 30/Mate 30 Pro တို့ဟာ ၂၀၁၉ ရဲ့ မျက်နှာပြင်အကြီးဆုံး စမတ်ဖုန်းတန်းဝင် ဖြစ်လာဖို့ရှိပြီး နောက်ထပ် ထူးခြားတဲ့ features တွေကိုတော့ တရားဝင် မိတ်ဆက်ရက်မှာ အတိအကျ သိရမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က