ကမ္ဘာ့ပထမဆုံး 5G 8K TV ဖြစ်လာမှာပါ

Huawei ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G TV ကို မိတ်ဆက်ဖို့ပြင်နေပြီလို့ဆိုပါတယ်။

         လူသုံးကုန် လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှုမှာ နယ်ပယ်ချဲ့ထွင်လာတဲ့ Huawei အနေနဲ့ဒီနှစ်ကုန်ပိုင်းမှာ 8K ရုပ်ထွက်မြင့် 5G TV တစ်မျိုးကို မိတ်ဆက်သွားမယ်လို့Nikkei Asian Review က ဖော်ပြထားပါတယ်။ Samsung ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း maker ဖြစ်လာတဲ့ Huawei ဟာ TV စီးပွားရေးကို ပထမဆုံး ထိုးဖောက်လာတာဖြစ်ပါတယ်။



Photo: TechSpot

         Huawei ရဲ့ 5G TV ဟာ Huawei Mate X လို 5G ရတဲ့ foldable ဖုန်းအပြီး ဒုတိယမြောက် မိတ်ဆက်သွားမယ့် 5G ထုတ်ကုန်တစ်ခု ဖြစ်လာမှာပါ။ ဒီ TV ဟာ VR နဲ့Gaming ပိုင်းအတွက် ပိုမို မြန်ဆန်တဲ့ Speed နဲ့သုံးနိုင်မှာ ဖြစ်ပြီး 8K ရတဲ့ ရှားရှားပါးပါး အဆင့်မြင့် TV တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

         Sony ကနေ အသစ်ထွက်လာမယ့် PlayStation သစ်ဟာ 8K resolution ပံ့ပိုးမှု ပါလာမယ်လို့သတင်းထွက်နေပြီး Sony ကုမ္ပဏီကိုယ်တိုင်ကလည်း မကြာသေးခင်က ဒေါ်လာ ၇ သောင်းတန် ၉၈ လက်မ 8K TV တစ်ခု ဖြန့်ချိထားပါတယ်။ Samsung ဟာလည်း 8K TV တွေ ရောင်းချနေပေမယ့် 5G ရတဲ့ TV မျိုးကို မိတ်ဆက်ခြင်း မရှိသေးပါဘူး။

ကမ္ဘာပေါ်မှာ ပထမဆုံး 8k tv ချန်နယ်ကို ဂျပန်နိုင်ငံမှ nhk သတင်းဌာနဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက ဂျပန်မှာ ပထမဆုံး ဖြန့်ချိခဲ့ပါတယ်။ ဒီချန်နယ်ကို ဂျပန်နိုင်ငံမှာပဲ တစ်ရက် ၁၂ နာရီနှုန်း ထုတ်လွှင့်ပြသခဲ့ပြီး ပထမဆုံးနေ့မှာ နိုင်ငံတကာ အာကာသစခန်းမှ NASA ကနေ ရိုက်ကူးထားတဲ့ ကမ္ဘာမြေရဲ့ ပုံနဲ့Warner Bros နဲ့ပေါင်းပြီး 70mm ဖလင်နဂ္ဂတစ်နဲ့ဖန်တီးထားတဲ့ 2001: A Space Odyssey ကားရဲ့ 8K ဗားရှင်းကို ပြသခဲ့ပါတယ်။

         5G ရတဲ့ 8K TV တွေဟာ ၃၆၀ ဒီဂရီ ဗွီဒီယိုတွေ ပြသနိုင်ဖို့ရှိပါတယ်။ Huawei ဟာ 5G chips ဖြစ်တဲ့ Balong 5000 chips ကို ထုတ်လုပ်ထားပြီး ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကွန်ရက်ရတဲ့ Mate X လိုမျိုး ခေါက်သိမ်းနိုင် စမတ်ဖုန်းကို ကြေညာထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ



က္က