cinematic ကင်မရာစနစ် သုံးနိုင်မှာပါ

အမေရိကန် ဒစ်ဂျစ်တယ် ရုပ်ရှင်ကင်မရာကုမ္ပဏီ RED ရဲ့ ပထမဆုံး စမတ်ဖုန်း Hydrogen One ဟာ မှန်းသလောက် မပေါက်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ တည်ထောင်သူ ကတော့ နောက်ထပ် Hydrogen Two ဖုန်းသစ် ထုတ်သွားမယ်လို့ကြေညာထားပါတယ်။

RED ရဲ့ ပထမဆုံး စမတ်ဖုန်း Hydrogen One ရဲ့ အရည်အသွေးပိုင်း စံချိန်မမှီခြင်းဟာ နာမည်ဖော်ပြထားခြင်း မရှိတဲ့ တရုတ်က မူလ ဒီဇိုင်းထုတ်လုပ်တဲ့ကုမ္ပဏီ ODM တစ်ခုကြောင့်လို့Hydrogen One ရဲ့ တည်ထောင်သူ ဂျင်ဂျန်နက်က ဆိုပါတယ်။ "ဒီ ODM ကို Hydrogen One မှာ ပါရမယ့် features တွေ issues ရှင်းဖို့အပ်တာဟာ စိန်ခေါ်မှုတစ်ခုဆိုတာထက် ပိုခဲ့ပါတယ်။ တကယ်လက်တွေ့လည်း မဖြစ်နိုင်ဘူး" လို့ဂျင်က ပြောပါတယ်။



Photo: smartprix

Hydrogen One မှာ တရုတ် ODM နဲ့အဆင်မပြေဖြစ်ပြီးနောက် ကုမ္ပဏီနဲ့ဖောက်သည်တွေရဲ့ တောင်းဆိုချက်အတိုင်း တည်ဆောက်ပေးနိုင်မယ့် ODM သစ်တစ်ခုနဲ့စတင်ပူးပေါင်းပြီး Hydrogen Two ကို ဒီဇိုင်း ထုတ်နေတယ်လို့H4Vuser.net မှာ ဂျန်နက်မှ ပို့စ်တစ်ခုနဲ့ရေးသားခဲ့ပါတယ်။ ဒီပို့စ်မှာပဲ Hydrogne ဖုန်းတွေမှာ in-house အတွက် တစ်ခါတည်း ပါဖို့ကတိပြုထားတဲ့ ကင်မရာ module လည်း ဒီဇိုင်းထုတ်နေတယ်လို့ဖော်ပြထားပါတယ်။

Hydrogen Two ကြေညာခြင်းနဲ့အတူ RED ဟာ ရုပ်ရှင်ကား ရိုက်တဲ့ Cinema Camera Module တစ်ခုကို ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ ဒီ ကင်မရာ Module သစ်ကို Komodo လို့ခေါ်ပြီး ရုပ်ရှင်ကင်မရာတန်းဝင် ပုံရိပ်တွေကို ဈေးအသက်သာဆုံးနဲ့အမြင့်ဆုံး level ထား ရိုက်နိုင်မယ်လို့လည်း အတည်ပြုထားပါတယ်။ RED ရဲ့ ရုပ်ရှင်ကင်မရာ module သစ်ကို Hydrogen ဖုန်းနှစ်မျိုးစလုံးမှာ သုံးနိုင်မယ်လို့လည်းဆိုပါတယ်။

Photo: gsmarena

အန်းဒရိုက်ဖုန်းတွေထဲမှာ အထူးမျက်မှန်အကူအညီမပါဘဲ 3D အတွေ့အကြုံခံစားနိုင်မယ့် holographic ဖုန်း Hydrogen One ဟာ multi-Dimensional အသံနည်းပညာနဲ့လာပြီး အရည်အသွေးမြင့်ဗွီဒီယိုဖန်တီးမှုတွေ လုပ်နိုင်မယ့် ဖုန်းအဖြစ် ထွက်လာခဲ့တာပါ။ RED Hydrogen One ကို အလူမီနီယံနဲ့တိုက်တေနီယံ မော်ဒယ်၂ မျိုးနဲ့ထုတ်ခဲ့ပြီး ၁၁၉၅ ဒေါ်လာကနေ ၁၅၉၅ ဒေါ်လာဈေးအထိ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က