ဈေးနှုန်း မသိရသေးပါဘူး

Realme ဟာ လာမယ့် မတ်လ ၅ ရက်နေ့မှာ Realme 6 series သစ်ကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီဖုန်းမော်ဒယ်သစ်တွေနဲ့အတူ Realme ရဲ့ ပထမဆုံး စမတ်လက်ပတ်လည်း ကြေညာသွားတော့မှာပါ။



Realme Band ဟာ ဖုန်းခေါ်ဆိုမှု ၊ မက်ဆေ့ချ်နဲ့ နှိုးစက်အတွက် Noti တွေ ဖော်ပြနိုင်မယ့် Color Screen နဲ့ လာမယ်လို့ ဆိုပါတယ်။ ဒီစမတ်လက်ပတ်ရဲ့ အေက်ခြေမှာ စက်ဝိုင်းပုံ Touch button တစ်ခု ပါရှိပြီး ဖုန်းအဝင်ခေါ်ဆိုမှုတွေကို ဖြေဆိုမယ်ဆိုရင် touch ခလုတ်ကို ခပ်ကြာကြာ ဖိပြီး ဖြေရမှာ ဖြစ်ပါတယ်။

Photo: mysmartprice

Realme Band စမတ်လက်ပတ်မှာ အိပ်စက်မှု ခြေရာခံစနစ် ၊ တိုက်ရိုက် နှလုံးခုန်နှုန်း စောင့်ကြည့်ခြင်းနဲ့ အိန္ဒိယခရစ်ကတ်ကစားသူတွေအတွက် Cricket Mode အပါအဝင် Sports mode ၉ ခုအထိ ပံ့ပိုးပေးထားပါတယ်။ အားကစားနည်းအနေနဲ့ စက်ဘီးစီး ၊ တောင်တက် ၊ တောတွင်း ခရီးကြမ်းသွားခြင်း ၊ ကိုယ်လက် ကြံ့ခိုင်ရေးလုပ်ခြင်း ၊ အပြေးစက်ဘီးပေါ် ပြေးခြင်း ၊ လမ်းလျှောက် ၊ အပြေး နဲ့ ယောဂ mode တွေပါ ပါဝင်မှာပါ။

အရောင်အနေနဲ့ အဝါ ၊ အနက်နဲ့ သံလွင်စိမ်းကာလာ ၃ ရောင်နဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ Realme Band ဟာ ရေစိုခံမှုမှာ အမြင့်ဆုံး ထောက်ခံချက် ဖြစ်တဲ့ IP68 rating ရေစိုခံမှု ပါပြီး Direct Charge connector ပါလို့ လက်ပတ်ဖြုတ်ပြီး တိုက်ရိုက်အားသွင်းနိုင်မှာပါ။ အားသွင်းကြိုးကတော့ USB Type-A port ဖြစ်ပါတယ်။


Realme ဟာ အိန္ဒိယဈေးကွက်ထဲမှာ မတ်လ ၅ ရက်နေ့ စတင် မိတ်ဆက်သွားမှာ ဖြစ်ပြီး ကနဦး မိတ်ဆက်ချိန်မှာ အရေအတွက် အကန့်အသတ်နဲ့ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုလည်း မိတ်ဆက်ပွဲမှာ ကြေညာသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က