တတိယသုံးလပတ်မှာ မိတ်ဆက်သွားမှာပါ
Nyein Min Wai

3D မျက်နှာပြင်ဖတ်စနစ်သုံးနိုင်တဲ့ စမတ်ထုတ်ကုန်ဆိုတာ အခုချိန်ထိ လက်တစ်ဆုပ်စာ မပြည့်သေးပါဘူး။

[No available link text] 

 iPhone X ကစပြီး အစဉ်အလာဖြစ်တဲ့ fingerprint အစား မျက်နှာကို သော့တစ်ချောင်းလို သုံးနိုင်ဖို့3D Face ID ကို ပြောင်းလဲအသုံးပြုခဲ့ရာကနေ ၂၀၁၈ မော်ဒယ် iPad တွေမှာပါ ဒီနည်းပညာကို မြင်ရဖို့ရှိနေပါတယ်။

iPad Pro သစ်တွေမှာ 3D Face ID မျက်နှာပြင်ဖတ်စနစ်ကို သုံးမယ့်သတင်းဟာ iOS developer တစ်ဦးဖြစ်တဲ့ စတိဗ် ထရော့ဂ်တန် စမစ်ဆီကနေ ပေါက်ကြားလာတာပါ။ သူဟာ iOS 12 firmware သစ်ထဲမှာ ပါတဲ့ iPad အတွက် AvatarKit ကနေ ဒီနှစ်ထွက်လာမယ့် iPad Pro တွေမှာ Face ID သုံးနိုင်မယ့် အထောက်အထားကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။

Face ID နည်းပညာအတွက် iPhone X ရဲ့ firmware မှာပါတဲ့ AvatarKit framework အပြင် မျက်နှာကို တိုက်ရိုက် tracking လုပ်နိုင်မယ့် TrueDepth ကင်မရာစနစ်တို့လည်း လိုအပ်တာကြောင့် iPad Pro သစ်ဟာ iPhone X လိုမျိုး ကင်မရာအစိတ်အပိုင်းများ သုံးသွားဖို့ရှိနေပါတယ်။ ၂၀၁၈ မော်ဒယ် iPad Pro ဟာ iPhone X လိုမျိုး notch ပါမယ် မပါဘူး ဆိုတာကတော့ မသိရသေးပါဘူး။ KGI Securities မှ သုတေသီများအနေနဲ့Apple ဟာ iPad သစ်ကို ယခုနှစ် တတိယသုံးလပတ်အတွင်း ဖြန့်ချိသွားမယ်လို့သုံးသပ်ထားပါတယ်။

Bloomberg သတင်းမှာတော့ Face ID သုံးနိုင်မယ့် iPad Pro ဟာ မျက်နှာပြင် ၁၀.၅ လက်မ မော်ဒယ်ဖြစ်ဖို့ရှိပြီး ဘေးဘောင်ပါးမယ်လို့ဆိုပါတယ်။ ဒီ iPad Pro ဟာ OLED panel သုံးသွားဖို့မရှိသလို ၂၀၁၄ ကတည်းက သုံးလာတဲ့ home button လည်း ဖျောက်ပစ်ဖို့ရှိနေတယ်လို့ဖော်ပြထားပါတယ်။

 

Face ID ပါလာမယ့် iPad Pro သစ်ဟာ မျက်နှာနဲ့လော့ခ်ဖွင့်နိုင်သလို မိုဘိုင်းငွေချေစနစ်မှာလည်း မျက်နှာကို စကားဝှက်လို သုံးနိုင်မှာပါ။ ဒါ့အပြင် AR animoji များလည်း မျက်နှာနဲ့ပဲ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ မကြာသေးမီက မိတ်ဆက်သွားခဲ့တဲ့ Xiaomi Mi Pad 4 မှာ Face Unlock မျက်နှာပြင်ဖတ်စနစ် ပါပေမယ့် 3D မျက်နှာပြင်ဖတ်စနစ် မဟုတ်ခဲ့ပါဘူး။

 


Author


က္က