5G iPhone တွေ အဖြစ် မြင်ရမှာပါ

ဒီနှစ်ထဲမှာ Apple ဟာ iPhone 12 ဗားရှင်း ၄ မျိုး မိတ်ဆက်ဖို့ ရှိပြီး ဒီထဲက မော်ဒယ်တစ်ခုဟာ iPhone 11 ထက် ဈေးသက်သာဖို့ ရှိတယ်လို့ ဆိုပါတယ်။

iPhone 12 စီးရီးဟာ ဒီနှစ်ထဲမှာ မျက်နှာပြင် ၅.၄ လက်မမော်ဒယ် တစ်ခု ၊ ၆.၁ လက်မအရွယ် မော်ဒယ်နှစ်ခုနဲ့ ၆.၇ လက်မမော်ဒယ်တစ်မျိုးဆိုပြီး အရွယ်အစား ၄ မျိုး ထွက်လာဖို့ ရှိပါတယ်။ မိတ်ဆက်ခြင်း မပြုရသေးတဲ့ Gadget သစ်တွေအကြောင်း တင်ဆက်ပေးနေတဲ့ Prosser ဆိုတဲ့ YouTuber ကတော့ iPhone 12 စီးရီးမှာ မျက်နှာပြင် ၅.၄ လက်မဟာ ဈေးအသက်သာဆုံး ဖြစ်မယ်လို့ ဆိုပါတယ်။



Photo: phonearena

Prosser ရဲ့ အဆို မှန်မယ်ဆိုရင်တော့ မျက်နှာပြင် ၅.၄ လက်မအရွယ် iPhone ဟာ ဒေါ်လာ ၆၅၀ ၊ ၆.၁ လက်မဗားရှင်းတစ်ခုဟာ ဒေါ်လာ ၇၅၀ နဲ့ နောက်ထပ် ၆.၁ လက်မမော်ဒယ်ဟာ ဒေါ်လာ ၁၀၀၀ ကျသင့်မှာပါ။ အရွယ်အစားအမြင့်ဆုံးနဲ့တန်ဖိုးအကြီးဆုံး‌မော်ဒယ်ဟာ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မရှိပြီး ဒေါ်လာ ၁၁၀၀ ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ တန်ဖိုးအနည်းဆုံး iPhone 11 ဟာ ၆၉၉ ဒေါ်လာဈေးကနေ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒေါ်လာ ၆၅၀ နဲ့ ၇၅၀ တန် iPhone သစ်တွေဟာ ကင်မရာ ၂ လုံးနဲ့ လာဖို့ ရှိပြီး ဈေးပိုကြီးတဲ့ တစ်ခြားမော်ဒယ်တွေတော့ Triple lens သုံးလာဖို့ ရှိပါတယ်။ ဒေါ်လာ ထောင်ချီတန်တဲ့ iPhoone သစ်တွေဟာ iPad Pro သစ်မှာလိုပဲ LIDAR snesor တွေ ပါလာဖို့ ရှိပါတယ်။

Photo: jamonline

ထူးခြားတာက ဒီနှစ်ထွက် iPhone အားလုံးဟာ OLED display ပါရှိပြီး 5G ကွန်ရက်ချိတ်ဆက်နိုင်မယ်ဆိုတာပါပဲ။ OLED display တွေဟာ တန်ဖိုးပိုကြီးတဲ့ iPhone မော်ဒယ်တွေမှာပဲ တွေ့ရတဲ့ screen တွေ ဖြစ်ပါတယ်။ ၂၀၂၀ ထုတ် iPhone မော်ဒယ်တွေကတော့ တန်ဖိုးကြီး/နည်း မရွေး အားလုံးမှာ LCD display တွေထက် အရောင်ကြည်လင်ပြတ်သားမှု ၊ အရောင်စိုလက်မှုပိုမြင့်တဲ့ OLED display တန်းတူ ပါလာတော့မှာ ဖြစ်ပါတယ်။ 

လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးကြောင့် Apple အနေနဲ့ iPhone 12 စီးရီးသစ် မိတ်ဆက်မှုကို နောက်ကျပြီးမှ ကျင်းပနိုင်ဖို့ ရှိပါတယ်။ သတင်းတွေမှာတော့ iPhone 12 စီးရီးဟာ အောက်တိုဘာလဝန်းကျင်လောက်မှ မိတ်ဆက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က