Apple Pencil လည်း ပါလာမယ်လို့သတင်းထွက်နေပါတယ်။
Nyein Min Wai

ဒီနှစ်ထဲ ထွက်လာမယ့် iPhone သစ်တွေဟာ ဘက်ထရီပါဝါ ပိုကြီးလာမယ်လို့Apple ရေးရာ ကျွမ်းကျင်သူ မင်ချိကုအိုက ပြောထားပါတယ်။

         ၂၀၁၉ မော်ဒယ် iPhone တွေမှာ နောက်ထပ်မြင်ရဖို့ရှိတာက two-way charging လို့ခေါ်တဲ့ ဖုန်းဘက်ထရီကို တစ်ခြား iPhone တွေပြန်သွင်းနိုင်လို wireless charging case ကနေ AirPods တွေဆီ အားသွင်းတာမျိုးတွေပါ ပါဝင်လာမယ်လို့သူက ဆိုပါတယ်။ တကယ်လို့မင်ချိကုအိုရဲ့ သုံးသပ်ချက်သာ မှန်မယ်ဆိုရင် Apple ဟာ Samsung ရဲ့ နည်းပညာတွေနဲ့လိုက်လာပြီလို့ဆိုရမှာပါ။

Photo: businessinsider

         Samsung ရဲ့ နောက်ဆုံးပေါ် Galaxy S10 ဖုန်းတွေမှာ Qi wireless charging ရတဲ့ ဖုန်းတွေကို အားပြန်သွင်းပေးနိုင်သလို Galaxy Buds နားကြပ်နဲ့Galaxy Watch Active တို့လို devices တွေကိုပါ အားသွင်းနိုင်တဲ့ Wireless PowerShare နည်းပညာပါလာခဲ့ပါတယ်။ မင်ချိကုအိုရဲ့ အဆိုအရလည်း Apple ဟာ iPhone သစ်တွေမှာ Apple Watch ၊ AirPods နဲ့iPhone အချင်းချင်း အားပြန်သွင်းနိုင်မယ့် two-way charging ထည့်သွင်းလာမယ်လို့ဖော်ပြထားတာပါ။

         တစ်ခြားဖုန်းတွေကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာဟာ Huawei ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ Huawei ဟာ Reverse Wireless charging နည်းပညာကို Huawei Mate 20 Pro မှာ စတင် ကြေညာခဲ့တာပါ။ ဒီနည်းပညာဟာ တစ်ခြား wireless charging ရတဲ့ ဖုန်းတွေကို ကြိုးမဲ့စနစ်နဲ့အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Huawei Mate 20 Pro မှာ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ နည်းပညာ ပါလာပြီးနောက်မှာ Samsung ဟာ Galaxy S10 series မှာ ဒီနည်းပညာမျိုး သုံးလာခဲ့ပါတယ်။

Photo:wccftech

         iPhone သစ်တွေမှာ နောက်ထပ် မြင်ရဖို့ရှိတာက ဘက်ထရီပါဝါအကြီးစား ပြောင်းလာတာ ဖြစ်မှာပါ။ ကုအိုကတော့iPhone သစ်တွေဟာ iPhone XS နဲ့iPhone XS Max တို့ရဲ့ ဘက်ထရီတွေထက် ၁၀% နဲ့၂၅% အကြား ပိုများလာဖို့ရှိပါတယ်။ ဒီထဲမှာ iPhone XS နေရာ ရောက်လာမယ့် ဗားရှင်းသစ်ဟာ ဘက်ထရီပါဝါအကြီးဆုံးဖြစ်ဖို့ရှိပြီး iPhone XR ရဲ့ အဆက်က ဘက်ထရီပါဝါတိုးမှု အနည်းဆုံး ဖြစ်မယ်လို့ဆိုပါတယ်။

         ၂၀၁၉ မော်ဒယ် iPhone သစ်တွေဟာ ကျောဘက်မှာ ကင်မရာ ၃ လုံးတွဲစနစ်ကို စတင်အသုံးပြုသွားမယ်လို့သတင်းထွက်နေပြီး ပိုမိုအဆင့်မြင့်လာတဲ့ FaceID အာရုံခံစနစ်များ နဲ့အတူ Apple Pencil ပါ ပါဝင်လာမယ်လို့လည်း ကြားနေရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က