5G iPhone ‌တွေ လာပါပြီ
Nyein Min Wai

ဒီဇိုင်းသစ်နဲ့ 5G ကွန်ရက် ပံ့ပိုးမှု ပါလာမယ့် ၂၀၂၀ မော်ဒယ် iPhone သစ် တင်ပို့မှုအပေါ် Apple ဟာ အကောင်းမြင်မှုရှိထားပါတယ်။

Digitimes သတင်းတစ်ပုဒ်အရ Apple ဟာ ကုမ္ပဏီရဲ့ Supply Chain မိတ်ဘက်တွေဆီကို iPhone 12 သစ် တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး ကြိုတင်တွက်ဆမှုတွေ ပေးထားတယ်လို့ ဆိုပါတယ်။ ခန့်မှန်းချက်တွေအရ လာမယ့်နှစ်မှာ ထွက်လာမယ့် iPhone တွေဟာ စုစုပေါင်း သန်း ၁၀၀ ကျော် တင်ပို့ ရောင်းချနိုင်မယ်လို့ ပြောထားပါတယ်။

Photo: wccftech


iPhone 11 စီးရီးတွေမှာတုန်းက Apple ဟာ အလုံး‌ရေ သန်း ၈၀ တင်ပို့နိုင်မယ်လို့ ခန့်မှန်းခဲ့တာပါ။ iPhone 12 သစ်တွေမှာ Apple ဟာ ဒီဇိုင်း ဆန်းသစ်မှုတွေ လုပ်လာဖို့ ရှိပြီး 5G ဖုန်းတွေအဖြစ်ပါ မိတ်ဆက်သွားဖို့ ရှိပါတယ်။

ဒီအပြောင်းအလဲဟာ Apple ရဲ့ iPhone သစ် ရောင်းအားကို တွန််းတင်ပေးနိုင်မယ်လို့ ယူဆထားပါတယ်။ နောက်ဆုံးရထားတဲ့ သတင်းတွေအရ Apple ဟာ iPhone 12 /12 Pro နဲ့ iPhone 12 Pro Max တို့အပြင် အားလုံးမျှော်လင့်နေကြတဲ့ iPhone SE 2 သစ်ကိုပါ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

Pro မော်ဒယ်တွေမှာ စိတ်ဝင်စားဖို့ ကောင်းတာက 120HZ ProMotion OLED display သုံးမယ်ဆိုတဲ့ သတင်းပါပဲ။ ၂၀၂၀ ထုတ် iPhone တွေဟာ notch လည်း ပိုသေးလာဖို့ ရှိပြီး ကျောဘက်မှာ 3D ToF sensor တစ်လုံး သုံးလာဖို့ ရှိပါတယ်။

ဒီဖုန်းတွေဟာ RAM 6GB နဲ့ အတူ A14 Bionic chipset သစ် ၊ mmWave 5G support ပေးသွားမှာပါ။ iPhone SE 2 ကတော့ ၂၀၂၀ အတွက် ဈေးအနည်းဆုံး iPhone အဖြစ် ထွက်လာမှာ ဖြစ်ပြီး iPhone 8 ဒီဇိုင်းနဲ့ RAM 3GB/A13 Bionic chipset သစ် ပါလာဖို့ ရှိပါတယ်။


Author


က္က