အောက်တိုဘာလထဲမှာ မိတ်ဆက်ဖို့ ရှိပါတယ်

Apple ကိုယ်တိုင်ကတော့ iPhone သစ် မိတ်ဆက်မှုဟာ ပုံမှန်အချိန်ဇယားထက် နောက်ကျမယ်လို့ ပြောထားပါတယ်။

iPhone သတင်းထူးတွေ ဖော်ပြနေတဲ့ Tech Analyst တစ်ဦးဖြစ်သူ ဂျွန်ပရော့ဆာကတော့ သူ့ရဲ့ Twitter မှာ iPhone 12 ကြေညာမယ့်ရက်အကြောင်း ဦးဦးဖျားဖျား သတင်းစကားပါးထားပါတယ်။ သူပေးတဲ့ သတင်းအရ iPhone 12 နဲ့ iPhone 12 Pro ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ စတင် မိတ်ဆက်သွားမှာ ဖြစ်ပြီး pre-order ကိုလည်း တစ်ခါတည်း လက်ခံသွားမယ်လို့ ဆိုပါတယ်။



Photo: GSMArena

iPhone 12 တွေကို နောက်တစ်ပတ် အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ပစ္စည်းပို့ပေးသွားမှာပါ။ iPhone 12 Pro ကတော့ နိုဝင်ဘာလထဲမှာပဲ ပစ္စည်းတင်ပို့သွားဖို့ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ Apple ဟာ iPhone 12 မော်ဒယ် ၄ မျိုးအထိ မိတ်ဆက်သွားဖို့ ရှိပြီး မျက်နှာပြင် ၅.၄ လက်မ iPhone 12 ၊ မျက်နှာပြင် ၆.၁ လက်မအရွယ် iPhone 12 Max နဲ့ iPhone 12 Pro တို့နဲ့အတူ မျက်နှာပြင် ၆.၇ လက်မ iPhone 12 Pro Max တို့ကို မြင်ရမှာပါ။

လောလောဆယ် ကြားနေရတဲ့ သတင်းတွေအရ iPhone သစ်တွေဟာ ပိုသေးတဲ့ notch နဲ့ လာပြီး iPad Pro ဆန်ဆန် လေးထောင့်စပ်ထောင့်စွန်းပါ flat OLED display နဲ့ လာဖို့ ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ဈေးအချိုဆုံး iPhone 12 ဟာ ဒေါ်လာ ၆၄၀ ဈေး ကျသင့်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 5G support ပေး/မပေးကတော့ စောင့်ကြည့်ရဦးမှာပါ။ 

Photo: Apple Insider


Apple ရဲ့ တစ်ခြားထုတ်ကုန်တွေ ဖြစ်တဲ့ Apple Watch သစ်နဲ့ iPad သစ်တို့ကိုတော့ စက်တင်ဘာ ၇ ရက်နေ့မှာ စတင် မိတ်ဆက်ကြေညာသွားဖို့ ရှိပါတယ်။ Apple အနေနဲ့ ဈေးနှုန်းသင့်တင့်မယ့် မျိုးဆက်သစ် iPad 10.2 နဲ့ Apple Watch Series 6 တို့ကို Special Events အနေနဲ့ မကျင်းပဘဲ သတင်းစာရှင်းလင်းပွဲတစ်ခုအဖြစ်ပဲ ထုတ်ဖော်မိတ်ဆက်သွားနိုင်ပါတယ်။ 

ဂျွန်ပရော့ဆာဟာ Apple ရဲ့ iPhone မိတ်ဆက်ပွဲတစ်ချို့ကို မှန်မှန်ကန်ကန် ခန့်မှန်းခဲ့ပေမယ့် သတင်းအချက်အလက်အမှားတွေလည်း မျှဝေဖူးသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာပဲ Apple ဟာ iOS ကို iPhoneOS အဖြစ် နာမည်ပြောင်းမယ်ဆိုပြီး သတင်းအမှားတွေ ချပြခဲ့သူ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က