၂၀၂၀ ထွက် 120Hz စမတ်ဖုန်းတွေစာရင်းမှာ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ပါ ထည့်သွင်းရဖို့ ရှိပါတယ်။

စမတ်ဖုန်းသတင်းသမားတစ်ယောက်ဖြစ်တဲ့ Display Supply Chain Consultants - DSCC မှ ‌ရော့စ်ယန်းရဲ့ Tweet မှာ iPhone 12 Pro စီးရီးမှာ 120Hz refresh rate display ပါလာမယ်လို့ ဆိုပါတယ်။ ကျန်တဲ့ iPhone 12 မော်ဒယ်နှစ်မျိုးတော့ 60Hz display ပဲ သုံးလာဖို့လည်း ရှိပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ဟာ မျက်နှာပြင် ၆.၁ လက်မနဲ့ ၆.၇ လက်မသုံးသွားမယ်လို့ သတင်းထွက်ထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ 



Photo: GSMArena


တူညီတဲ့အချက်က iPhone 12 စီးရီးဟာ ပိုပါးတဲ့ ဘော်ဒီနဲ့ လာမယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ လက်ရှိထွက်ထားတဲ့ iPhone 11 Pro Max ဟာ ၈.၁ မီလီမီတာ ထူပေမယ့် ၆.၇ လက်မ iPhone 12 Pro Max မှာတော့ ၇.၄ မီလီမီတာပဲ ထူမယ်လို့ ဆိုပါတယ်။ Apple ဟာ multi-layer stacked motherboard တစ်ခု သုံးသွားမှာ ဖြစ်ပြီး ဘက်ထရီပမာဏကို 4400mAh အထိ တိုးသုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ iPhone 11 Pro Max မှာ ဘက်ထရီပါဝါ 3969mAh သုံးခဲ့တာပါ။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေထဲမှာ iPhone 12 နဲ့ iPhone 12 Max ဟာ BOE ထုတ် OLED panel သုံးသွားဖို့ ရှိပြီး iPhone 12 Pro စီးရီးကတော့ Samsung OLED panel နဲ့ လာမယ်လို့ ဆိုပါတယ်။iPhone သစ်တွေဟာ 3DTriple-lens ကင်မရာစနစ်နဲ့လာပြီး အားလုံးဟာ 5G ကွန်ရက်ချိတ်ဆက်နိုင်မယ်လို့ သတင်းထွက်ထားပါတယ်။ iPad Pro 2020 မော်ဒယ်မှာ ပါတဲ့ LiDAR Scanner စနစ်ကိုလည်း higher-end iPhone မော်ဒယ်တွေမှာ သုံးလာနိုင်ပါတယ်။

iPhone 12 သစ်တွေဟာ TSMC က ထုတ်လုပ်ပေးထားတဲ့ 5nm A14 chips တွေနဲ့ လာပြီး ဘက်ထရီသက်တမ်း ထိန်းသိမ်းမှုစနစ်နဲ့ အမြန်နှုန်းအားပိုကောင်းလာဖို့ ရှိပါတယ်။ AirPods ရောင်းအား မြှင့်ဖို့အတွက် iPhone 12 စီးရီးလက်လီ ဗူးတွေထဲမှာ နားကြပ်ထည့်ပေးလာဖို့ မရှိဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က