5G ‌ဗားရှင်းတွေတော့ ထွက်လာဖို့ ရှိပါတယ်

နာမည်ကြီး Apple သတင်းသုံးသပ်သူတစ်ဦးကတော့ iPhone 12 မော်ဒယ်သစ်တွေမှာ 120Hz display ပါမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုက ပြောခဲ့တာ ဖြစ်ပြီး ဘက်ထရီသက်တမ်းထိခိုက်နိုင်တာကြောင့်် iPhone 12 lineup ဟာ 120Hz display support ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ 120Hz display ကို လာမယ့်နှစ် iPhone တွေမှာ သုံးသွားဖို့ရှိပြီး ၂၀၂၁ ထွက် iPhone တွေဟာ စွမ်းအင်နိမ့် LTPO display နည်းပညာသုံးဖို့ ရှိတယ်လို့လည်း Macrumors သတင်းက ဖော်ပြထားပါတယ်။




Photo: macrumors

မင်ချိကုအိုရဲ့ အဆိုအရ ၅.၄ လက်မအရွယ် iPhone 12 ဟာ ပိုပြီး သေးငယ်တဲ့ notch နဲ့ လာပြီး notch ဘေးနှစ်ဘက်မှာ အချိန်နာရီနဲ့ လိုင်းဆွဲအား အချက်အလက်တွေ ပြသွားဖို့ ရှိပါတယ်။ ကျန်တဲ့ ၆.၁ လက်မ iPhone မော်ဒယ် ၂ မျိုးနဲ့ ၆.၇ လက်မ iPhone တို့ဟာ iPhone 11 မော်ဒယ်နဲ့ notch size ချင်း တစ်ရွယ်တည်း ဖြစ်မယ်လို့လည်း ဆိုပါတယ်။

iPhone 12 lineup တစ်ခုလုံးဟာ 5G support ပေးသွားဖို့ ရှိပြီး မော်ဒယ်တစ်ခုချင်းစီမှာ ဗားရှင်းနှစ်မျိုးနဲ့ ထွက်နိုင်တယ်လို့ မင်ချိကုအိုက ခန့်မှန်းပါတယ်။ ဖုန်းအားလုံးဟာ sub-6GHz သီးသန့်နဲ့ sub-6GHz plsu mmWave ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထွက်ဖို့ ရှိပါတယ်။ အရင်ဆုံး မိတ်ဆက်ဖို့ ရှိတာကတော့ sub-6GHz သီးသန့် ဗားရှင်း ဖြစ်နိုင်ပါတယ်။

မကြာခင် ကျင်းပမယ့် စက်တင်ဘာ ၁၅ ရက်ည Apple Event မှာတော့ iPhone သစ်တွေအစား Apple Watch သစ်နဲ့ iPad Air မော်ဒယ်တွေပဲ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က