ဈေးကွက်ဝယ်လိုအားကြောင့်ပါ ထုတ်လုပ်မှု နောက်ဆုတ်ထားတာပါ

COVID-19 ကြောင့် Apple ရဲ့ ၂၀၂၀ Flagship ဖုန်းတွေ ထုတ်လုပ်မှု နောက်ကျဖို့ ရှိတယ်လို့ ဆိုပါတယ်။

Wall Street Journal ရဲ့ သတင်းအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှအတွင်း ထုတ်လုပ်မှုအပေါ် သက်ရောက်မှုနဲ့ ကမ္ဘာ့ဈေးကွက်ဝယ်လိုအားကြောင့် iPhone 12 ထုတ်လုပ်မှုဟာ ၁ လ နောက်ကျနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ iPhone 12 မိတ်ဆက်ဖြန့်ချိမှုလည်း ပုံမှန်ထက် နောက်ကျသွားဖို့ ရှိတာကြောင့် အောက်တိုဘာလကုန်မှ မိတ်ဆက်နိုင်ဖို့လည်း ရှိနေပါတယ်။



Photo: CNBC


Apple ဈေးကွက်နဲ့ ထုတ်ကုန် ကျွမ်းကျင်သူ မင်ချိကုအိုမှ iPhone 12 ထုတ်လုပ်မှုဟာ ၁ လခန့် နောက်ကျဖွယ် ရှိတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ပြောကြားခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Apple ဟာ ဒီနှစ်ထဲမှာ iPhone မော်ဒယ်သစ် ၄ မျိုး မိတ်ဆက်သွားဖို့ စီစဉ်နေပြီး ဒီထဲမှာ 5G support ပေးတဲ့ ဖုန်းတစ်ချို့လည်း ပါဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အရွယ်အစားအနေနဲ့ ၅.၄ လက်မမော်ဒယ်တစ်လုံး ၊ ၆.၁ လက်မ iPhone မော်ဒယ်နှစ်မျိုးနဲ့ ၆.၇ လက်မ မော်ဒယ်တစ်လုံးတို့ ဖြစ်မယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ iPhone 11 စီးရီးအဖြစ် ထွက်ထားတဲ့ ဖုန်းတွေဟာ ၆.၁ လက်မ ၊ ၅.၈ လက်မနဲ့ ၆.၅ လက်မဆိုပြီး ထွက်ထားတာ ဖြစ်ပါတယ်။ 

Photo: redmondpie


iPhone 12 ဟာ ၂၀၁၇ မှာ ထွက်ခဲ့တဲ့ iPhone X နောက်ပိုင်း အပြောင်းအလဲ အများဆုံး လုပ်ထားတဲ့ iPhone ဖြစ်ဖို့ ရှိပါတယ်။ iPhone 12 ဟာ ဒီဇိုင်းပိုင်းမှာ iPad Pro စတိုင် ထောင့်ကျတဲ့ ထောင့်စွန်းဒီဇိုင်းနဲ့ flat side တွေ ပါလာဖို့ ရှိပါတယ်။ Pro မော်ဒယ်ဟာ LiDAR အကူကင်မရာတစ်ခု ပါပြီး 5nm Aple A14 chips သစ်ကို ဖုန်းမော်ဒယ်သစ်တွေမှာ သုံးသွားမယ်လို့လည်း ဆိုပါတယ်။

၂၀၁၇ စက်တင်ဘာမှာ iPhone 8 နဲ့အတူ စတင်မိတ်ဆက်ခဲ့တဲ့ iPhone X ဟာ ထုတ်လုပ်ရေးကြန့်ကြာမှုတွေကြောင့် နိုဝင်ဘာလအထိ ဆိုင်တွေပေါ် ရောက်မလာခဲ့တာမျိုး ဖြစ်ဖူးပါတယ်။ iPhone 12 စီးရီးသစ်လည်း မိတ်ဆက်ပြီးရင်လည်း တစ်ချို့ iPhone မော်ဒယ်တွေဟာ ဈေးကွက်ထဲ အရောက်နောက်ကျနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က