သွင်းကုန်အခွန်ခ ရှောင်လွဲှဖို့အိန္ဒိယမှာ iPhone ထုတ်တာပါ

Apple ဟာ အိန္ဒိယနိုင်ငံမှာ iPhone မော်ဒယ် ၃ မျိုး ထုတ်လုပ်ဖို့စီစဉ်ထားပြီး အိန္ဒိယဈေးကွက်တွင်းမှ အခြားစမတ်ဖုန်း brand များကို india-made iPhone များနဲ့ယှဉ်ပြိုင်သွားတော့မှာ ဖြစ်ပါတယ်။


 

အိန္ဒိယနိုင်ငံ ဘန်ဂလာရူမှာ ပြီးခဲ့တဲ့အပတ်ကစပြီး Apple ဟာ ထိုင်ဝမ်အခြေစိုက် Wistron နဲ့ပေါင်းပြီး iPhone 6s များကို စတင်ထုတ်လုပ်နေပြီလို့Economic Times သတင်းမှာ ဖော်ပြထားပါတယ်။ iPhone 6s မတိုင်ခင်က ပြီးခဲ့တဲ့ မေလကတည်းက Apple ဟာ အိန္ဒိယဖြစ် တန်ဖိုးနည်း iPhone SE ကိုလည်း ဘန်ဂလာရူစက်ရုံမှာ ထုတ်လုပ်ခဲ့တာပါ။ လက်ရှိမှာ ထုတ်လုပ်မှုဟာ အခုမှ စတင်မှာ ဖြစ်လို့အပြင်ဈေးကွက်ကို ဖြန့်လောက်အောင် ထုတ်လုပ်မှု ပမာဏရရှိဦးမှာ မဟုတ်ပေမယ့် မကြာခင်မှာ အိန္ဒိယဖြစ် iPhone တွေကို ဈေးကွက်မှာ ဝယ်ယူနိုင်တော့မယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ကြေငြာခြင်း မရှိသေးတဲ့ ဒီဖုန်းတွေဟာ မူရင်း iPhone ဈေးတွေထက် လျော့နည်းဖို့လည်း ရှိပါတယ်။

 

Apple ဟာ အိန္ဒိယအစိုးရရဲ့ သွင်းကုန်အခွန်ကောက်ခံမှုကို ရှောင်ရှားနိုင်ဖို့iPhone တွေကို အိန္ဒိယမှာ ထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ အိန္ဒိယအစိုးရဟာ စမတ်ဖုန်းတင်ပို့မှုအတွက် သွင်းကုန်အခွန်ကို ၁၅% ကနေ ၂၀% အထိ တိုးမြှင့်ခဲ့တာကြောင့်လည်း iPhone တွေကို အိန္ဒိယမှာ ထုတ်လုပ်ဖို့အခြေအနေ ဖြစ်လာခဲ့တာပါ။ အိန္ဒိယမှာ iPhone SE ကို ထုတ်လုပ်ပြီးနောက် Apple ဟာ iPhone 6 series ကို ဧပြီလမှာ အစမ်း ထုတ်လုပ်မှု စတင်ခဲ့ပြီး နောက်ထပ်လည်း iPhone မော်ဒယ်တစ်မျိုးကို ထပ်မံထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။ နောက်ထပ် အိန္ဒိယမှာ ထုတ်သွားမယ့် iPhone မော်ဒယ်ကို မကြေငြာသေးပေမယ့် iPhone 6s Plus ဖြစ်မယ်လို့သတင်းများ ထွက်ပေါ်နေပါတယ်။

 

အိန္ဒိယမှ Apple အတွက် iPhone များ တာဝန်ယူထုတ်လုပ်ပေးသွားမယ့် Wistron ဟာလည်း ပြီးခဲ့တဲ့ မတ်လထဲမှာ ဒေါ်လာ ၁၀၅ သန်း တန်စက်ရုံအသစ်တစ်ခု ထပ်တည်ဆောက်ဖို့သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်။ အစောပိုင်း သတင်းများ သက်တမ်း ၃ နှစ်ရှိပြီ ဖြစ်တဲ့ iPhone 6s မော်ဒယ်များကို ပြန်ထုတ်ရာမှာ ဈေးနှုန်းကို မူရင်းဈေးထက် ၅% ကနေ ၇% အထိ လျှော့ချပေးသွားမယ်လို့လည်း  သတင်းများ ထွက်ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က