ဧပြီ ၃၀ ရက်နေ့မှာ ဝင်ငွေအကြောင်း ကြေညာမှာပါ

iPhone ရောင်းအားပမာဏ မကြေညာတော့ပေမယ့် ဈေးကွက်ကျွမ်းကျင်သူတွေကတော့ Apple ရဲ့ iPhone ရောင်းအားကျဆင်းမှုအကြောင်း ထုတ်ပြန်ထားပါတယ်။

Photo: businessinsider



         မီဒီယာသုတေသနကုမ္ပဏီ OTR Global ရဲ့ ထုတ်ပြန်ချက်အရ Apple ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအထိ ဒုတိယသုံးလပတ်အတွင်း iPhone ပေါင်း ၃၇ သန်းကနေ ၄၂ သန်းပဲ ရောင်းချရဖွယ်ရှိတယ်လို့ဆိုပါတယ်။ Wall Street ကျွမ်းကျင်သူတွေကတော့ iPhone အလုံးရေ သန်း ၄၀ ကနေ ၄၅ သန်း အထိ ရောင်းချရမယ်လို့ခန့်မှန်းထားပါတယ်။ ဈေးကွက်သုတေသနကုမ္ပဏီနှစ်ခုလုံးရဲ့ ထုတ်ပြန်ချက်ကို ပြန်ကြည့်မယ်ဆိုရင် Apple ဟာ Q2 သုံးလပတ်အတွင်း iPhone ရောင်းအား ၄၅ သန်း ထက် မကျော်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

         ၂၀၁၈ မတ်လ ၃ ပတ်စာအတွင်း iPhone အလုံးရေ ၅၁ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Apple အတွက် ဒီနှစ်ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းရောင်းအား ၁၀% ကျော် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ iPhone မှာယူမှုအကြောင်း အာဆီယံ supply chain အမှုဆောင် ၁၈ ဦးကို စစ်တမ်းထုတ်ခဲ့တဲ့ OTR Global ကတော့ ဒီနှစ် မတ်လ ၃ ပတ်အတွင်း iPhone ရောင်းအားကျဆင်းရခြင်းဟာ iPhone XR / XS မော်ဒယ်တွေ ဝယ်လိုအား နည်းတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ Apple အနေနဲ့iPhone ရောင်းအားမကြေညာခြင်းကပဲ ရောင်းချနိုင်ခဲ့သမျှ iPhone ပမာဏ အတိအကျ မသိရပါဘူး။

Photo: 9to5mac

         ဝင်ငွေအနေနဲ့Apple ဟာ ၅၅ ဘီလျံကနေ ၅၉ ဘီလျံအကြား ဝင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် ဒေါ်လာ ၈.၅ ဘီလျံနဲ့၈.၆ ဘီလျံအကြားမှာ ရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အတွင်း iPhone ပေါင်း ၅၂.၂ သန်း ရောင်းချနိုင်ခဲ့တဲ့ Apple ဟာ iPad နဲ့Mac အပါအဝင် Apple Pay / Apple Care Services များကနေ ဝင်ငွေစုစုပေါင်း ၆၁.၁ ဘီလျံ ဝင်ခဲ့တာပါ။

၂၀၁၉ ဒုတိယသုံးလပတ်ဝင်ငွေဟာ အနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် အမေရိကန်ဈေးကွက်မှာတော့ Apple ဟာ Samsung အပါအဝင် ပြိုင်ဘက်အန်းဒရိုက်ကုမ္ပဏီတွေထက် ပိုပြီး ရောင်းအား ကောင်းခဲ့တယ်လို့ဆိုပါတယ်။ Apple နဲ့Samsung ဟာ ၂၀၁၉ မတ်လ ၃ လပတ် စမတ်ဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစု ၃၆% နဲ့၃၄% /ရှိခဲ့ပြီး LG နဲ့Motorola တို့ကတော့ ၁၁% နဲ့၁၀% စီနဲ့ရပ်တည်ခဲ့ပါတယ်။ Apple ဟာ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ ဝင်ငွေရငွေ ရှင်းတမ်းအကြောင်း ထုတ်ပြန်သွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က