iPhone 11 မှာ ပါတဲ့ processor သစ်ကို သုံးသွားမှာပါ
Nyein Min Wai

iPhone 8 ရဲ့ ဒီဇိုင်းမျိုးနဲ့တကျော့ပြန်လာမယ့် iPhone SE ဒုတိယမျိုးဆက်ကို လာမယ်နှစ် ပထမ ၃ လပတ်အတွင်း မြင်ရဖို့ရှိနေတယ်လို့သတင်းများ ထွက်ပေါ်ထားပါတယ်။

iPhone SE 2 အဖြစ် ထွက်လာမယ့် ဒီဗားရှင်းဟာ iPhone သစ်တွေအကြားမှာ ဈေးအသက်သာဆုံး ဖြစ်ပြီး အတွင်းပိုင်း အချက်အလက်တစ်ချို့အဆင့်မြှင့်သွားမယ်လို့ဆိုပါတယ်။ iPhone SE 2 ဟာ RAM 3GB နဲ့အတူ A13 processor သစ်ကို သုံးသွားဖို့ရှိတယ်လို့Apple အကြောင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်တဲ့ မင်ချိကုအိုက သုံးသပ်ထားပါတယ်။

Photo: cultofmac


Nikkei သတင်းမှာ ထွက်လာတဲ့ သတင်းအရ iPhone SE 2 ဟာ iPhone 8 မှာ နောက်ဆုံး သုံးခဲ့တဲ့အတိုင်း ၄.၇ လက်မ LCD display နဲ့Touch ID home button တွေ သုံးသွားမယ်လို့ဆိုပါတယ်။ iPhone SE သစ်ရဲ့ ဈေးနှုန်းကို မင်ချိကုအိုအနေနဲ့ခန့်မှန်းထားတာမျိုး မရှိပေမယ့် နောက်ဆုံးရောင်းချခဲ့တဲ့ ဈေးကတော့ 32GB ဗားရှင်းကို ၃၄၉ ဒေါ်လာဈေး ဖြစ်ခဲ့ပါတယ်။

compact ဖုန်းအဖြစ် လူကြိုက်များသလို iPhone သမိုင်းမှာ အကောင်းဆုံးစာရင်းဝင် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ iPhone SE ဟာ ၂၀၁၃ ထုတ် iPhone 5S ကို redesign လုပ်ပြီး ထွက်ခဲ့တာပါ။ ထူးခြားတာက ဒီဖုန်းဟာ ဒီဇိုင်းပိုင်းအရသာာ iPhone 5S ကို ပြန်သုံးထားပေမယ့် ကင်မရာပိုင်းမှာတော့ iPhone 6s နဲ့စွမ်းဆောင်ရည်ချင်းတူလို့လူကြိုက်အများဆုံး ၄ လက်မ iPhone လည်း ဖြစ်ခဲ့ပါတယ်။

၂၀၂၀ မှာ မြင်ရဖို့ရှိတဲ့ iPhone SE 2 ဟာ iPhone 11 series တွေမှာ သုံးသွားတဲ့ A13 Bionic chipနဲ့လာမှာ ဖြစ်လို့iPhone 8 ထက် အများကြီး သွက်လက်မြန်ဆန်ပြီး လူကြိုက်များဖို့ရှိပါတယ်။ မင်ချိကုအိုကတော့ iPhone SE 2 ဟာ ၂၀၂၀ တစ်နှစ်ထဲမှာ အလုံးရေ သန်း ၃၀ ကနေ သန်း ၄၀ အထိ တင်ပို့ရောင်းချနိုင်မယ်လို့မျှော်မှန်းထားပါတယ်။


က္က