ရှာဖွေတဲ့ ရလဒ်ဟာ iPhone 11 Pro ထက် သုံးဆကျော်ပါတယ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စမတ်ဖုန်းဈေးကွက် ဝယ်လိုအားကျဆင်းနေပေမယ့် iPhone SE (2020) ကို အရှေ့တောင်အာရှဈေးကွက်တွေမှာ လူကြိုက်များနေတယ်လို့ သိရပါတယ်။

စမတ်ဖုန်းဈေးကွက် ဝယ်လိုအားဟာ COVID-19 ကာလမှာ သိသိသာသာကြီး ထိုးကျသွားတာ ဖြစ်ပါတယ်။ စမတ်ဖုန်း brand တွေ ဖြစ်တဲ့ Apple ၊ OnePlus ၊ Xiaomi နဲ့ တစ်ခြား ဖုန်းတွေလည်း ရောင်းအား လျော့ကျခဲ့တာပါ။ Apple ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတဲ့ ဧပြီလထဲမှာ ဈေးကွက်ထဲ မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် ဈေးကွက်ထဲမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဖုန်း ဖြစ်ပါတယ်။





iPrice ရဲ့ အစီရင်ခံစာအရ Apple ရဲ့ တန်ဖိုးနည်း iPhone SE 2020 ဟာ အွန်လိုင်းမှာ ရှာ‌ဖွေမှုအမြင့်ဆုံး စမတ်ဖုန်းအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေဟာ iPhone သစ်ကို ဝယ်လိုအားအမြင့်ဆုံးနိုင်ငံတွေ ဖြစ်နေပါတယ်။ ဧပြီလအတွင်း iPhone SE 2020 ကို ဝယ်ယူမှုအများဆုံး နိုင်ငံတွေဟာ စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် နဲ့ ဟောင်ကောင် စတဲ့ ၇ နိုင်ငံ ဖြစ်ပါတယ်။

Apple ရဲ့ တန်ဖိုးသင့် နောက်ဆုံးပေါ် iPhone ဟာ iPhone 11 Pro လို flagship ဖုန်းထက် အွန်လိုင်းမှာ ရှာဖွေမှု ၃ ဆကျော် မြင့်နေတာပါ။ iPhone SE 2020 ဟာ iPrice ပေါ်မှာ ရှိတဲ့ Search Market တစ်ခုလုံးရဲ့ ၇၈% နီးပါး ရှိခဲ့ပြီး ရှာဖွေမှုအကြိမ်ရေ ၆၇၃၀၀၀ နဲ့ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း iPrice ပေါ်က iPhone 11 Pro ကို ရှာဖွေမှုဟာ ၂၂၀၀၀၀ ရှိခဲ့ပါတယ်။



Photo: Engadget

မျက်နှာပြင် ၄.၇ လက်မအရွယ်အစား သုံးထားတဲ့ iPhone SE (2020) ဟာ iPhone 8 နဲ့ ပုံစံတူ TouchID စနစ်နဲ့ လာပြီး ကျောဘက်မှာ 12MP ကင်မရာတစ်လုံးတည်း သုံးထားပါတယ်။ flagship မော်ဒယ် iPhone 11 မှာပါတဲ့ Apple ရဲ့ နောက်ဆုံးထွက် A13 Bionic chipset ပါရှိပြီး RAM 3GB နဲ့ လာပါတယ်။ IP67 rating ‌ရေစိုခံနှုန်း ပါရှိပြီး ကြိုးမဲ့အားသွင်းစနစ် သုံးနိုင်မှာပါ။

အနက် ၊ အဖြူနဲ့ PRODUCT (RED) ကာလာ ၃ ရောင်နဲ့ လာပြီး storage ဗားရှင်း သုံးမျိုးနဲ့ ထွက်ထားပါတယ်။ ဒေါ်လာ ၄၀၀ ဈေးနဲ့ စတင်‌ရောင်းချသွားမယ့် တန်ဖိုးသင့်မော်ဒယ်လည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က