မေလ ၅ ရက်မှာ နောက်ထပ် ဈေးကွက်တွေဆီ ဖြန့်ချိသွားမှာပါ

flagship processor နဲ့ တန်ဖိုးသင့် iPhone SE သစ်ကို ကမ္ဘာ့နိုင်ငံပေါင်း ၄၀ မှာ ပထမအသုတ် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ 

iPhone SE (2020) ကို အမေရိကန် ၊ ယူကေ ၊ ပြင်သစ် ၊ ဂျာမဏီ ၊ ကနေဒါ ၊ ထိုင်ဝမ် နဲ့ တရုတ်အပါအဝင် ဈေးကွက်နေရာ ၄၀ မှာ စတင်ရောင်းချသွားမှာပါ။ ဧပြီ ၁၇ ရက်နေ့က pre-order မှာထားသူတွေကတော့ မေလ ၁ ရက်နေ့နဲ့ ၅ ရက်နေ့အကြား အစောဆုံးထားပြီး ပို့ဆောင်ပေးဖို့ ရှိပါတယ်။ 64GB ဗားရှင်းကို ၃၉၉ ဒေါ်လာကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး ဈေးကွက်အလိုက် တန်ဖိုးပြောင်းလဲမှု ရှိပါတယ်။



Photo: traptown


လက်ရှိ ငွေကြေးပေါက်ဈေးအရ အီတလီမှာ iPhone SE (2020) 64GB မော်ဒယ်တစ်လုံးဟာ ၄၉၉ ယူရို (မြန်မာငွေ ၇ သိန်း ၆ သောင်း ကျော်) ၊ အိန္ဒိယမှာ ၄၂၅၀၀ ရူပီး (မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) နဲ့ တရုတ်မှာ ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၆ သောင်းခန့်) ရှိနေပါတယ်။ နောက်ထပ်ဈေးကွက်တွေဆီ iPhone SE (2020) မိတ်ဆက်မယ့်အချိန်ဟာ မေလ ၅ ရက်နေ့ ဖြစ်ဖို့ ရှိပါတယ်။

မကြာသေးခင်က မိတ်ဆက်သွားတဲ့ iPhone SE သစ်ဟာ iPhone 8 နဲ့ တစ်ပုံစံတည်း ဖြစ်ပြီး TouchID စနစ်နဲ့ လာတဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၄.၇ လက်မပဲ သုံးထားပြီး ကျောဘက်မှာ iPhone 11 စီးရီးမှာ သုံးခဲ့တဲ့ 12MP single lens ပါရှိပါတယ်။ iPhone SE သစ်ဟာ iPhone 11 မှာ သုံးခဲ့တဲ့ Apple ရဲ့ နောက်ဆုံးပေါ် အမြန်ဆုံးနဲ့ အချောမွေ့ဆုံး လုပ်ဆောင်နိုင်တဲ့ A13 Bionic chipset သစ်ကို သုံးထားပါတယ်။ 

iPhone SE သစ်ဟာ RAM 3GB ပါရှိပြီး storage ကိုတော့ 64GB ၊ 128GB နဲ့ 256GB ဆိုပြီး သုံးမျိုး ထွက်ထားပါတယ်။ ရေစိုဖုန်တင်မှုဒဏ်ကို IP67 rating အထိ ခံနိုင်ရည်ရှိတဲ့ ဖုန်းဖြစ်လို့ ရေအနက် ၁ မီတာ (၃ပေ) မှာ မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်မယ်လို့ ဆိုပါတယ်။ dual SIM(nanoSIM+e-SIM) နဲ့ ထွက်ထားပြီး Wireless charging စနစ် သုံးနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ iPhone SE သစ်ဟာ အနက် ၊ အဖြူ နဲ့ PRODUCT (RED) ကာလာ ၃ ရောင်နဲ့ ထွက်ရှိထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က