စက်တင်ဘာ ၁၂ ရက်နေ့ကို ဆက်စောင့်ကြည့်ရမှာပါ
Nyein Min Wai

Apple ကတော့ ဒုတိယမျိုးဆက် iPhone X သစ်တွေကို လာမယ့် စက်တင်ဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားတော့မှာပါ။ ဒီနှစ်မှာ မြင်ရမယ့် iPhone သစ်တွေဟာ Apple သမိုင်းမှာ မျိုးဆက်သစ်တစ်ခုဆီ ဦးတည်ပြောင်းလဲသွားမယ်လို့အားလုံးက မျှော်လင့်ထားကြပါတယ်။

 

(၁) ပိုမို စိတ်ချမြန်ဆန်တဲ့ FaceID စနစ်သစ်

iphone-x-29.jpg

Photo: CNET

 

iPhone X ရဲ့ အကောင်းဆုံး နဲ့အဆန်းသစ်ဆုံး feature တစ်ခုကို ပြောပါဆိုရင် FaceID ကို ပြောရမှာပါ။ ဒီဖုန်းကနေ ရှေ့ဆောင်လမ်းပြခဲ့တဲ့ FaceID နည်းပညာကို သူ့နောက်ထွက်သမျှ အန်းဒရိုက်ဖုန်းတိုင်းလိုလိုက သုံးလာခဲ့ပါတယ်။ iPhone X ရဲ့ FaceID မှာ ပြဿနာတစ်ချို့ရှိထားခဲ့ပေမယ့် ဒီနှစ်ထွက် iPhone တွေမှာတော့ ပိုပြီး မြန်ဆန်စိတ်ချရတဲ့ နည်းပညာသစ်ကို မြင်ရမှာပါ။

fingerprint စနစ်မှာဆို TouchID ဟာ မတူညီတဲ့ လက်ဗွေ ၅ မျိုးအထိ လက်ခံအလုပ်လုပ်နိုင်သလိုမျိုး FaceID သစ်မှာလည်း မျက်နှာအများအပြားကို လက်ခံနိုင်ပြီး အနေအထားအမျိုးမျိုးကနေ မျက်နှာကို အလွယ်တကူ ဖတ်ရှုနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဒီအတွက် Apple ဟာ အနီအောက်ရောင်ခြည် TrueDepth ကင်မရာဖတ်စနစ်မှာ ထောင့်မျိုးစုံကနေ မျက်နှာဖတ်နိုင်အောင် တီထွင်သွားဖို့ရှိပါတယ်။

နောက်တစ်ချက်ကလည်း ဒုတိယမျိုးဆက် FaceID ဟာ iPhone သစ် ၃ မျိုးစလုံးနဲ့iPad Pros သစ် ၂ မျိုးတို့မှာ သုံးစွဲသွားမယ့် နည်းပညာ ဖြစ်ပြီး iPhone 6s ကနေ စပြီး သုံးလာတဲ့ TouchID စနစ်တွေရဲ့ နေဝင်ချိန်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့က ကြေငြာသွားဖို့ရှိပါတယ်။

 

(၂) VR နည်းပညာအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့

gearvr-controller-9.jpg

Photo: CNET

 

iOS 11 ကစပြီး iPhone 6s နဲ့နောက်ထွက် မော်ဒယ်တွေအတွက် ARKit ပံ့ပိုးချက်နဲ့အတူ Apple ဟာ App Store မှာ AR app မျိုးစုံ သုံးလို့ရအောင် ဖန်တီးခဲ့ပါတယ်။ iOS 12 သစ်မှာတော့ iPhone တွေမှာ ပုံရိပ်ယောင် စနစ်တွေ ပိုပြီး စုံလင်လာခဲ့ပါတယ်။ ဒီအချက်ကြောင့် iPhone XS series သစ်တွေဟာ VR ပိုင်းမှာ အသစ်အသစ်တွေ မိတ်ဆက်လာမယ်လို့ယူဆနေကြပါတယ်။

 

(၃) USB Type C နဲ့ပိုမြန်လာတဲ့ ကြိုးမဲ့အားသွင်းစနစ်

iphone-x-usb-c.jpg 

ဒီနှစ်စောင့်ကြည့်ရမယ့် iPhone သတင်းတစ်ခုက charge မှာ USB Type C port သုံးမယ်ဆိုတဲ့ သတင်းပါ။  ၂၀၁၈ မော်ဒယ် iPhone တွေဟာ 18W USB-C charger နဲ့လာမှာ ဖြစ်လို့အားသွင်းရ ပိုမြန်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒီ Type C charger စနစ်ကြောင့်  iPhone သစ်တစ်လုံးဟာ မိနစ် ၃၀ အားသွင်းတာနဲ့အား ၅၀% ထိ ရှိလာမယ်လို့ဆိုပါတယ်။

 

(၄) ပိုကြီးလာတဲ့ screen size

21.PNG

Photo: Dimensiva

 

ဒီနှစ် iPhone တွေဟာ ထွက်ဖူးသမျှ iPhone တွေထဲမှာ စံချိန်တင် မျက်နှာပြင်အရွယ် အကြီးအစားနဲ့ထွက်လာမှာပါ။ iPhone X ကစပြီး ဆယ်နှစ်တာ iPhone တွေကို တော်လှန်ခဲ့တဲ့ iPhone မျိုးဆက်ကို မိတ်ဆက်ခဲ့တဲ့ Apple ဟာ ဒီနှစ်မှာ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မ OLED အမျိုးအစား နှစ်ခုနဲ့၆.၁ လက်မ LCD display ဖုန်းတွေကို ကြေငြာသွားမယ်ဆိုတာ အားလုံး သိထားပြီး ဖြစ်မှာပါ။

နာမည်အနေနဲ့LCD မော်ဒယ်ကို iPhone XC ၊ ၅.၈ လက်မနဲ့၆.၅ လက်မမော်ဒယ်ကို iPhone XS နဲ့iPhone XS Max ဆိုပြီး ခေါ်သွားမယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။

 

(၅) စိတ်လှုပ်ရှားစရာ ဈေးနှုန်း

27484-41146-27310-40475-27028-39538-26603-38133-2018iphone-curvedmockups-l-l-l-l.jpg

Photo: Apple Insider

 

ထူးထူးခြားခြားလို့ဆိုနိုင်တဲ့ သတင်းတစ်ခုက ဒီနှစ်ရဲ့ အမြင့်ဆုံး iPhone XS Max ဟာ အရင်နှစ် iPhone X ဈေးနဲ့ထွက်လာမယ်ဆိုတဲ့သတင်းပါ။

လောလောဆယ် ကြားနေရတဲ့ သတင်းတွေမှာတော့iPhone XCကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းခန့်) ၊ iPhone XS ကို ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၄ သိန်း နီးပါး) နဲ့iPhone XS Max ကို ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့သတင်းထွက်ထားပါတယ်။

 

iPhone သမိုင်းမှာ မျက်နှာပြင်အကြီးဆုံးဆိုတဲ့ iPhone တွေကို မိတ်ဆက်သွားမယ့် ဒီပွဲမှာ Apple ဟာ ဘာတွေ ထူးထူးခြားခြား လုပ်ပြသွားမလဲဆိုတာကိုတော့ စက်တင်ဘာ ၁၂ ရက်ကို စောင့်မျှော်ရမှာပါ။

 


က္က