တစ်ချို့ကတော့ ဒီထက် ပိုလျှော့ထုတ်သွားမယ်လို့ခန့်မှန်းပါတယ်။

iPhone ရောင်းအား ကျဆင်းလာနေတဲ့ Apple အနေနဲ့ကနဦးက မှန်းထားတဲ့ iPhone သစ် ထုတ်လုပ်မှုပမာဏကနေ လျှော့ထုတ်ရဖို့ကြုံလာပါတယ်။

Photo: Nikkei Asian Review



         Apple အနေနဲ့ဇန်နဝါရီ - မတ် ၃ လတာအတွင်း လက်ရှိ iPhone သစ်များ ထုတ်လုပ်မှုကို ၁၀% ခန့်လျှော့ထုတ်နေပြီလို့Nikkei Asian Review သတင်းမှာ ဖော်ပြထားပါတယ်။ တစ်ခြားသတင်းအရင်းအမြစ်တစ်ခုမှာတော့ ဒီသုံးလပတ်ကာလအတွင်း Apple ဟာ iPhone အလုံးရေ ၄၈ သန်းအထိ ထုတ်ဖို့စီစဉ်ထားရာကနေ သန်း ၄၀ ကနေ ၄၃ သန်းအထိ လျှော့ထုတ်ဖို့ရှိတယ်လို့ဆိုပါတယ်။

         ဒီသတင်းမှာ iPhone သစ်နဲ့အဟောင်း နှစ်မျိုးစလုံးပေါင်းရဲ့ ထုတ်လုပ်မှုကို လျှော့ချသွားမယ်လို့လည်း ဖော်ပြထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ မတ်လ သုံးလပတ်ကာလက Apple ဟာ iPhone ပေါင်း ၅၂.၂၁ သန်း ရောင်းချနိုင်ခဲ့တာကို ကြည့်ရင် ဒါဟာ နှစ်အလိုက် ၂၀% ကျော် ကျဆင်းသွားတဲ့ သဘောလည်း ဖြစ်နေပါတယ်။ ဒီနှစ်ကစပြီး ကုမ္ပဏီဘက်မှ iPhone ဘယ်လောက် ရောင်းချနိုင်ခဲ့သလဲဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်မှာ မဟုတ်တော့ပါဘူး။

         Apple ဟာ ကုမ္ပဏီရဲ့ suppliers တွေကို ၂၀၁၉ မတ်လ သုံးလပတ်အတွက် iPhone XS ၊ iPhone XS Max နဲ့iPhone XR ထုတ်လုပ်မှုအမှာစာတွေကို လျှော့ချထားတာဖြစ်ပေမယ့် ဘယ်လောက်အထိ လျှော့ချသွားမယ်ဆိုပြီး အတိအကျ မသိရပါဘူး။ ၁၀% ခန့်လျှော့မယ်ဆိုတဲ့ ပမာဏကလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

         CNBC နဲ့တွေ့ဆုံခန်းတစ်ခုမှာ Apple ရဲ့ CEO တင်မ်ကွတ်မှ iPhone XR ရောင်းအားကောင်းကြောင်း ခုခံပြောကြားခဲ့ပေမယ့် တရုတ်ဈေးကွက်မှာ ရောင်းအားကျနေတာကိုတော့ ဝန်ခံထားပါတယ်။ တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး သဘောထား တင်းမာနေမှု ၊ Huawei CFO ကို အမေရိကန်ဘက်မှ ကနေဒါမှာ ဖမ်းဆီးတရားစွဲမှုကလည်း Apple ပေါ် သက်ရောက်မှု ရှိနေပါတယ်။

Photo: 9to5mac

         ဒီဇင်ဘာလဆန်းပိုင်းကစပြီး iPhone ကိုင်တဲ့ ဝန်ထမ်းတွေကို တရုတ်ကုမ္ပဏီများမှ ဒဏ်ကြေးဆောင်ခိုင်းတဲ့ ဖြစ်ရပ်များနဲ့ကြုံခဲ့ရပါတယ်။ iPhone သစ်ရောင်းအားဟာ တရုတ်ဈေးကွက်မှာအပြင် ဖွံ့ဖြိုးပြီး ဈေးကွက်တွေမှာပါ ကျဆင်းခဲ့တာ ဖြစ်ပြီး တင်မ်ကွတ်ကတော့ ဈေးနည်းတဲ့ ဘက်ထရီလဲပေးမှုကလည်း ဖုန်းသစ်ဈေးကွက်ကို ထိခိုက်စေခဲ့တယ်လို့ကောက်ချက်ချထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က