ပိုပြီး အဆင့်မြင့်တဲ့ ကင်မရာစနစ်ကို မြင်ရမှာပါ

ဒီနှစ်ထဲ ထွက်လာမယ့် iPhone မော်ဒယ်တွေမှာ သုံးမယ့် chips တွေကတော့ ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ပါတယ်။

         Bloomberg သတင်းမှာတော့ ၂၀၁၉ မော်ဒယ် iPhones တွေမှာ သုံးမယ့် A13 Processor တွေကို Taiwan Semiconductor Manufacturing Company (TSMC) ရဲ့ စက်ရုံတွေမှာ ထုတ်လုပ်မှု စတင်ထားပြီလို့ဖော်ပြထားပါတယ်။ သတင်းအရင်းအမြစ် နာမည်ဖော်ပြမထားပေမယ့် Bloomberg ရဲ့ အဆိုအရ A13 chipset တွေဟာ မေလဆန်းကတည်းက အကြီးအကျယ် ထုတ်လုပ်မှု လုပ်နေခဲ့တာလို့ဆိုပါတယ်။



Photo: CNET

         Apple ဟာ ပုံမှန်အားဖြင့် iPhone မော်ဒယ်သစ်တွေကို စက်တင်ဘာလထဲမှာ မိတ်ဆက်လေ့ရှိပါတယ်။ ဒီနှစ်လည်း ပုံမှန်အတိုင်း စက်တင်ဘာလ ဆန်းပိုင်းမှာ မိတ်ဆက်သွားဖို့ရှိတာကြောင့် iPhone သစ်တွေအကြောင်း အချက်အလက် အပြည့်အစုံကို နောက် ၄ လလောက် စောင့်ရဦးမှာပါ။ လက်ရှိကြားရသမျှတော့ iPhone သစ်တွေဟာ ကင်မရာစနစ်အသစ်နဲ့ပြောင်းပြန်အားပြန်သွင်းပေးနိုင်မယ့် နည်းပညာ ပါရှိလာမယ်လို့ဆိုပါတယ်။

         ၂၀၁၉ မော်ဒယ် အမြင့် iPhone နှစ်မျိုးဟာ ကျောဘက် ကင်မရာ ၃ လုံး နဲ့လာပြီး iPhone XR ကို ဆက်ခံမယ့် နောက်ထပ် မော်ဒယ်သစ်ကတော့ ကျောဘက်မှာ ကင်မရာ ၂ လုံး ပါရှိမယ်လို့ဆိုပါတယ်။ iPhone XS/XS Max တို့ရဲ့ နောက်ထွက်လာမယ့် မော်ဒယ်သစ်တွေဟာ မြင်ကွင်းကျယ်ကျယ်နဲ့ပိုပြီး အသေးစိတ်ကျတဲ့ ပုံတွေကို ဖမ်းယူနိုင်မယ့် ultra wide-angle lens တစ်ခု သုံးလာဖို့လည်း ရှိပါတယ်။


Photo: BGR

         iPhone သစ်တွေဟာ zoom ဆွဲမှုနှုန်း ပိုမြင့်တဲ့ ကင်မရာတွေ ပါလာဖို့ရှိပြီး ကင်မရာ app မှာ အလိုအလျောက် ပြန်ပြင်ပေးမယ့် auto-correction feature တစ်ခုလည်း ပါလာမယ်လို့ယူဆရပါတယ်။ အားသွင်းစနစ်မှာ Huawei Mate 20 Pro မှာ စပြီး အသုံးပြုလာခဲ့တဲ့ Reverse Wireless Charging နည်းပညာမျိုးကိုလည်း သုံးထားဖို့ရှိပါတယ်။

         Bloomberg သတင်းအရ iPhone XS နဲ့XS Max တို့ရဲ့ နောက်မှာ ထွက်လာမယ့်မော်ဒယ်တွေဟာ မီလီမီတာဝက်တစ်ခုစာ ပိုပြီး ထူလာပြီး အပေါ် ဘယ်ထောင့်မှာ စတုရန်းကွက်ပုံစံ သုံးလုံးတွဲ ကင်မရာဒီဇိုင်းနဲ့လာမယ်လို့ဆိုပါတယ်။ iPhone သစ်တွေ မိတ်ဆက်မှု မလုပ်ခင်မှာ Apple ဟာ လာမယ့် ဇွန်လ ၃ ရက်နေ့မှာ WWDC ကွန်ဖရင့် ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က