iPhone XS နဲ့XS Max တို့ရဲ့ ပထမဆုံး ပြဿနာက လိုင်းဆွဲအား မကောင်းတာပါ။ အခုတစ်ခါမှာတော့ အားသွင်းရင်းဖြစ်နေတဲ့ ပြဿနာပါ။
Photo: cultofmac
တလောကပဲ ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ iPhone XS နဲ့XS Max ကိုင်သူတွေဟာ ဖုန်း sleep ထားချိန် Lightning cable နဲ့အားသွင်းမယ်ဆိုရင် အားမဝင်တဲ့ ပြဿနာကို ကြုံနေတယ်လို့Apple ဖိုရမ်တွေမှာ ပြောနေကြပါတယ်။ ဒီပြဿနာဟာ ဖုန်းရဲ့ USB ဆက်တင်နဲ့ဆိုင်တဲ့ ဆော့ဖ်ဝဲလ် bug ဖြစ်ဖို့ရှိပြီး အားဆက်သွင်းဖို့အတွက် ဖုန်းကို unlock ဖြစ်အောင် ပြင်ရမယ့် သဘောဖြစ်နေပါတယ်။
ဒါကြောင့်ပဲ iPhone XS /XS Max တို့ကို အားသွင်းရာမှာ အလုပ်ဖြစ်အောင်လို့တစ်ချို့သူတွေဟာ ဖုန်း screen ကို tap ထိပြီး နှိုးပေးရတယ်လို့ဆိုပါတယ်။
"နည်းနည်းလောက် ဖုန်းကို မကိုင်ဘဲ ထားမယ်ဆိုရင် အားသွင်းရင်းကနေ ရပ်သွားတာတွေ့ရပါတယ်။ ဒါပေမယ့် ပလပ်ပြန်ဖြုတ်ပြီး ပြန်တပ်ကြည့်ရင် အားသွင်းကြိုးကို သိနေပြန်ရော" လို့iPhone XS ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ iPhone XS ရော XS Max ကိုင်သူတစ်ချို့ပါ ဒီပြဿနာ ကြုံနေတာ ဖြစ်ပြီး အားသွင်းလိုက် ပြန်ဖြုတ်လိုက် လုပ်နေရတယ်လို့လည်း ဖိုရမ်တွေမှာ ပြောနေကြပါတယ်။ Apple ကတော့ ဒီပြဿနာပေါ် တရားဝင် မှတ်ချက် မပေးသေးပါဘူး။
Photo: CNBC
တစ်ချို့ကတော့ ဒါဟာ iOS 12 တင်ထားရာကနေ ပါလာတဲ့ bug ဖြစ်မယ်လို့ယူဆနကြပါတယ်။ သို့သော်လည်း iOS 12 တင်ထားတဲ့ iPhone X ပိုင်ရှင်တွေမှာတော့ ဒီပြဿနာမျိုး ဖြစ်သံ မကြားရသေးပါဘူး။