ဒီနှစ်ထဲမှာ iPhone သစ် ၃ မျိုး မြင်ရဖို့ရှိပါတယ်။
Nyein Min Wai

iPhone X မှာ OLED display ကို Samsung ဆီက မှာယူခဲ့ပေမယ့် ဒီနှစ်မှာ မြင်ရမယ့် iPhone X Plus မော်ဒယ်အတွက်တော့ supplier သစ် ရလာပြီ ဖြစ်ပါတယ်။

photo: iPhone Hacks

 

Apple ဟာ iPhone တွေမှာ သုံးမယ့် OLED display တွေအတွက် ၂၀၁၈ တစ်နှစ်တည်းကိုပဲ LG Display မှာ ဒေါ်လာ ၂.၇ ဘီလျံ ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။ China Morning Post သတင်းမှာတော့ Apple ဟာ LG Display ဆီကနေ iPhone အတွက် လိုအပ်သမျှ OLED panel ရဲ့ ၂၀% ကို မှာယူသွားမယ်လို့ဖော်ပြထားပါတယ်။ အရေအတွက်အားဖြင့် OLED screen ပေါင်း ၂ သန်း ကနေ ၄ သန်းအထိ ရှိမှာပါ။

အခုချိန်ထိတော့ LG Display ဟာ အရန် supplier အဆင့်မှာပဲ ရှိသေးပါတယ်။ Samsung Display ကတော့ ကျန် OLED display လိုအပ်ချက်ရဲ့ ၈၀% ကို ဖြည့်ဆည်းပေးရဦးမှာ ဖြစ်ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့နှစ် iPhone X ထုတ်လုပ်မှုမှာ သုံးဖို့OLED display ပေါင်း သန်း ၁၀၀ ခန့်ထုတ်လုပ်ပေးဖို့ Apple နဲ့ကနဦး သဘောတူညီချက်တွေ ရှိခဲ့ပါတယ်။ Samsung နဲ့Apple ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက OLED panel များအတွက် ဒေါ်လာ ၉ ဘီလျံတန် နှစ်နှစ် စာချုပ်ချုပ်ဆိုထားတာပါ။

Samsung ဟာ iPhone X မှာ သုံးထားတဲ့ OLED display အတွက် iPhone X တစ်လုံးရောင်းတိုင်း ဒေါ်လာ ၁၁၀ ဝင်နေတယ်လို့စီးပွားရေးစစ်တမ်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။ LG Display ကို အရန် supplier အဖြစ် ရွေးချယ်လိုက်ခြင်းဟာ ဈေးကြီးတဲ့ Samsung ထုတ်ကုန်တွေပေါ် မှီခိုမှုကို လျှော့ချဖို့လည်း ရည်ရွယ်ထားတာပါ။ Apple ဟာ ဒီနှစ်ထဲမှာ OLED display သုံး iPhone သစ် ၂ မျိုးနဲ့ LCD display သုံး iPhone တစ်မျိုး မိတ်ဆက်သွားဖို့ရှိပါတယ်။

Photo: Macrumors

 

LG ကိုယ်တိုင်ဟာ OLED Display တွေ ထုတ်လုပ်နေတယ်ဆိုပေမယ့် LG V30 မှာ သုံးထားတဲ့ OLED display အရည်အသွေးဟာ Samsung Galaxy S8 နဲ့S9 တို့မှာ သုံးထားတဲ့ OLED display ကို မမီဘူးလို့လည်း ဆိုပါတယ်။ နောက်သတင်းတစ်ပုဒ်မှာတော့ LG Display စက်ရုံအနေနဲ့လည်း OLED panel တွေ လိုသလောက် ထုတ်လုပ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့လည်း သတင်းထွက်နေပါတယ်။


Author


က္က