အောက်တိုဘာလထဲ ဖြန့်ချိသွားမှာပါ
Nyein Min Wai

Google ရဲ့ stock အန်းဒရိုက်ဗားရှင်း Android One ဖုန်းအနေနဲ့Motorola ဟာ စမတ်ဖုန်းသစ် ၂ မျိုးကို မိတ်ဆက်လိုက်ပါတယ်။

MotoOne_Blog-Image.jpg

Photo: GSMArena

 

Motorola One နဲ့Motorola One Power ဖုန်းသစ်နှစ်မျိုးဟာ iPhone X ကို တုပထားတဲ့ notch အကြီးစား ထောင်လိုက် dual cameras များနဲ့ထွက်လာတာပါ။ အနိမ့်မော်ဒယ်လို့ပြောနိုင်တဲ့ Motorola One မှာ မျက်နှာပြင် ၅.၉ လက်မရှိပြီး ကိုယ်ထည် ရှေ့နဲ့နောက်ကို Gorilla Glass 2.5 အုပ်ထားပါတယ်။

ဒီဖုန်းမှာ Snapdragon 625 SoC သုံးထားပြီး RAM 4GB/64GB storage ၊ Turbo power အားသွင်းစနစ်ပါ 3000 mAh ဘက်ထရီ ၊ ကျောဘက်ဘက် ထောင်လိုက် 13MP ကင်မရာနဲ့နောက်ထပ် ပြောမထားတဲ့ ကင်မရာတစ်လုံး ပါဝင်မှာပါ။ အရှေ့မှာတော့ 8MP ကင်မရာ သုံးထားတယ်လို့ကုမ္ပဏီက မိတ်ဆက်ထားပါတယ်။

Motorola One Power မှာတော့ 19:9 screen ဒီဇိုင်းကိုမှ မျက်နှာပြင် ၆.၂ လက်မနဲ့လာတာပါ။ processor အနေနဲ့Snapdragon 636 SoC သုံးထားပြီး နှစ်ရက်အထိ အသုံးခံတဲ့ 5000 mAh ဘက်ထရီ အကြီးစား ပါရှိပါတယ်။ ဒီဖုန်းမှာတော့ 16MP+ 5MP ကျောဘက် ကင်မရာနှစ်လုံးနဲ့12MP ရှေ့ကင်မရာတစ်လုံး ပါရှိပြီး AI နည်းပညာနဲ့ပံ့ပိုးထားတဲ့ Google Lens စနစ် သုံးနိုင်မှာပါ။

Google Lens စနစ်ကြောင့် လမ်းပေါ်မှာ ခွေးတစ်ကောင်ကို ဓါတ်ပုံ ရိုက်လိုက်တာနဲ့ဘယ်လို ခွေးအမျိုးအစားလဲဆိုတာ Google က ရှာပေးသွားမှာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ တူညီတဲ့ အချက်က Google Android One စနစ် သုံး ဖုန်းဖြစ်နေတာပါ။Google ရဲ့ pure OS စနစ်နဲ့လာပြီး မကြာခင်မှာ Android 9.0 Pie ကို update ပေးသွားမယ်လို့ကုမ္ပဏီက ကြေငြာထားပါတယ်။

motorola-one-power-cover-2.jpg

Photo: 9to5Google

 

Motorola One ကို ၃၅၀ ဒေါ်လာ ဝန်းကျင်ဈေးနဲ့ဥရောပ ၊ လက်တင်အမေရိကနဲ့အာရှဈေးကွက်တွေမှာ လာမယ့် အောက်တိုဘာက စပြီး ဖြန့်ချိသွားမှာပါ။ One Power ကတော့ အိန္ဒိယဈေးကွက်မှာ အောက်တိုဘာလထဲ ဖြန့်ချိသွားမှာ ဖြစ်ပေမယ့် ဈေးနှုန်း မကြေငြာထားသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က