LCD မှာ ပြဿနာအနည်းငယ် ရှိနေလို့ပါ
Nyein Min Wai

ဒီနှစ်ရဲ့ iPhone သစ်များ စာရင်းမှာ ဈေးအနည်းဆုံး LCD မော်ဒယ်ကတော့ စထွက်တဲ့ အပတ်မှာ လိုသလောက် ဝယ်လို့မရတဲ့ ပြဿနာ ရှိမယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

gsmarena_001.jpg

Photo: GSMArena

 

Bloomberg သတင်းရဲ့ အဆိုအရ iPhone XC သို့မဟုတ် iPhone XR လို့ခေါ်သွားဖို့ရှိတဲ့ iPhone ဟာ စပြီး မိတ်ဆက်တဲ့ အချိန်မှာ အရေအတွက် ကန့်သတ်ပြီး ထုတ်သွားမယ်လို့ဖော်ပြထားပါတယ်။ အကြောင်းကတော့ LCD screen အတွက် အနောက်ကနေ backlight တပ်ဆင်ရာမှာ ရှုပ်ထွေးမှု အနည်းငယ်ရှိနေတာကြောင့်လို့ဆိုပါတယ်။

ဒီလိုမျိုး ထုတ်လုပ်မှုပိုင်း ပြဿနာကို Apple ဟာ iPhone 4 ၊ iPhone 5 ၊ iPhone 6/6 Plus နဲ့iPhone X တို့လို ဒီဇိုင်းသစ်တွေ ထုတ်တိုင်း ကြုံရတာပါ။ iPhone XC သို့မဟုတ် iPhone XR နဲ့ပတ်သတ်ပြီး နောက်ဆုံး ကြားရတဲ့ သတင်းတွေထဲမှာ SIM Tray ကို ခဲရောင် ၊ ငွေရောင် ၊ အနီရောင် ၊ အပြာနဲ့အညိုကာလာ ၅ မျိုးနဲ့ထုတ်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဈေးကွက်ပေါ် လိုက်ပြီး dual SIM စနစ်နဲ့လာမယ်လို့အတည်ပြုနေကြပါတယ်။

iPhone XC/XR ဟာ ဒီဇိုင်းပိုင်းမှာ iPhone X ကို အခြေခံထားတာ ဖြစ်ပြီး OLED panel အစား LCD Retina screen သုံးလာတာပါ။ အကြမ်းခံစတီးဘောင်ကွပ်အစား အလူမီနီယံဖရိန်နဲ့လာပြီး ကျောဘက်မှာတော့ dual cameras စနစ်အစား ကင်မရာ ၁ လုံးတည်း သုံးထားပါတယ်။ i

Phone X နဲ့တူဖို့ရှိတာက ဒီဖုန်းမှာလည်း 3D Touch ပါဖို့မရှိပါဘူး။ အရောင်အနေနဲ့ အနီ ၊ နက်ပြာ ၊ အဖြူနဲ့ပန်းရောင် ကာလာ ၄ ရောင် ကို သုံးသွားဖို့ရှိပါတယ်။

မျက်နှာပြင် ၆.၁ လက်မအရွယ် iPhone XC ဟာ ဒီနေ့ည စတိဗ်ဂျော့စ်ခန်းမဆောင်မှာ မိတ်ဆက်သွားမယ့် iPhone သုံးမျိုးမှာ ဈေးအနည်းဆုံးဖြစ်မှာပါ။ လောလောဆယ် ကြားသိထားတဲ့ အချက်တွေထဲမှာတော့ iPhone XCကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းခန့်) ဈေးနဲ့စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။

iphone-xr-trailer.jpg

Photo: BGR

 

ဒီပွဲမှာ iPhone XC နဲ့အတူ iPhone XS ၊ iPhone XS Max ၊ Apple Watch Series 4 နဲ့iPad Pro သစ်များလည်း မိတ်ဆက်သွားမှာပါ။ ၂၀၁၈ အတွက် အခမ်းနားဆုံးနဲ့အကြီးကျယ်ဆုံး iPhone မိတ်ဆက်ပွဲကတော့ ကမ္ဘာတစ်လွှားက Apple fan များအတွက် ဘယ်လိုရင်ခုန်မှုတွေ ပေးသွားမလဲဆိုတာ ဒီညသိရမှာပါ။


က္က