တကယ်ပဲ Square ပုံစံ သုံးလုံးတွဲကင်မရာ သုံးလာမလား

၂၀၁၉ မော်ဒယ် iPhone သစ်တွေရဲ့ dummy ကိုယ်ထည်ပုံစံတွေကတော့ တရုတ်လူမှုကွန်ရက်တွေပေါ်မှာ တက်လာပြီ ဖြစ်ပါတယ်။

Photo: macrumors



         Weibo လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ ပုံတွေအရ iPhone XI/XI Max အဖြစ် နာမည်ပေးသွားဖို့ရှိတဲ့ ဒီဖုန်းသစ်တွေဟာ ကျောဘက်မှာ စတုရန်းကွက်ပုံစံ ကင်မရာဖွဲ့စည်းမှုနဲ့လာတာ တွေ့ရပါတယ်။ စတုရန်းကွက်ထဲမှာတော့ ကင်မရာ ၃ လုံးအတွက် နေရာပေးထားတာ တွေ့ရလို့ဒီနှစ်ထဲ Apple ဟာ triple lens သုံး iPhone ထုတ်မယ်ဆိုတဲ့ သတင်းဟာ အတော်ကို နီးစပ်နေတယ်လို့ဆိုနိုင်ပါတယ်။

         SlashLeaks မှာပဲ iPhone XI/XI Max တို့ရဲ့ ရှေ့ခြမ်း panel အကြမ်းပုံကို ပြထားရာမှာ iPhone X အတိုင်း notch ကို ဆက်သုံးထားတာ တွေ့ရပါတယ်။ notch ထဲမှာ sensor လေးခုနဲ့စပီကာပေါက်တစ်ခု ပါလာပါတယ်။ iPhone သစ်တွေ မိတ်ဆက်ဖို့လတော်တော်ကြာကတည်းက dummy မော်ဒယ်အဖြစ် စက်ရုံထုတ် ပုံကြမ်းဒီဇိုင်းတွေဟာ တက်လာနေကျ ဖြစ်ပါတယ်။

         ပြီးခဲ့တဲ့ ၂၀၁၇ ၊ ၂၀၁၈ ထုတ် iPhone X နဲ့iPhone XS မော်ဒယ်တွေ မထွက်ခင် ပေါက်ကြားလာခဲ့တဲ့ dummy ပုံစံတွေဟာ အပြင်ဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်တဲ့ မော်ဒယ်တွေနဲ့အတော်လေးကို တူနေခဲ့တာကြောင့် iPhone XI စီးရီးသစ်ရဲ့ dummy မော်ဒယ်ကလည်း ဈေးကွက်ဝင်မော်ဒယ်နဲ့တစ်ထပ်တည်းမဟုတ်တောင် အတော်လေး ဆင်ဖို့ရှိပါတယ်။

Photo: The Apple Post

         ၂၀၁၉ မှာ ထွက်လာမယ့် iPhone သစ်တွေဟာလည်း OLED display သုံး မျက်နှာပြင် ၆.၅ လက်မနဲ့၅.၈ လက်မ အပြင် LCD panel မျက်နှာပြင် ၆.၁ လက်မမော်ဒယ်ဆိုပြီး ၃ မျိုး ထွက်လာမယ်လို့သတင်းထွက်နေပါတယ်။ high-end မော်ဒယ်နှစ်ခုဟာ triple-lens နဲ့LCD မော်ဒယ်ကို dual cameras ဆိုပြီး ထွက်လာဖို့လည်း ရှိနေပါတယ်။

         ကင်မရာပိုင်းမှာ Sony ထုတ် Super-Wide ကင်မရာစနစ်ကို ဒီဖုန်းတွေမှာ မြင်ရမယ်လို့လည်း ယူဆနေပါတယ်။ နာမည်ကြီး iPhone သတင်း သုံးသပ်သူ မင်ချိကုအိုကတော့ ၂၀၁၉ မော်ဒယ် iPhone တွေဟာ USB C port ထက် အရင်အတိုင်း Lightning Connector ကိုပဲ ဆက်သုံးသွားမယ်လို့ခန့်မှန်းထားပါတယ်။ ဒီဖုန်းတွေမှာ တစ်ခြားဖုန်းတွေကိုပါ ကြိုးမဲ့ အားသွင်းနိုင်မယ့် Bilateral Wireless Charging စနစ် ပါလာမယ်လို့လည်း ဆိုပါတယ်။ သတင်းတွေ ဘယ်လို ထွက်နေပေမယ့် iPhone သစ်တွေကို တကယ်ကြေညာမယ့် စက်တင်ဘာလရောက်မှ အတိအကျ သိရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ



က္က