ပြန်မိတ်ဆက်မယ့် ရက် စောင့်ရဦးမှာပါ
Nyein Min Wai

reviewers တွေ လက်ထဲရောက်ပြီး ရက်ပိုင်းအတွင်း display ပြဿနာတွေ တက်ခဲ့ပြီးနောက် Samsung ဟာ တရုတ် ၊ အမေရိကန် ၊ စကာၤပူနဲ့စပိန်တို့မှာ Galaxy Fold ဖြန့်ချိမယ့်ရက်ကို နောက်ဆုတ်ထားတယ်လို့ဆိုပါတယ်။

         Samsung ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Fold ကို ဧပြီ ၂၃ နဲ့၂၄ ရက်နေ့တွေမှာ တရုတ် ၊ စကာၤပူနဲ့စပိန်တို့မှာ မိတ်ဆက်ဖို့စီစဉ်ခဲ့တာပါ။ ဒေါ်လာ ၁၉၈၀ တန် Galaxy Fold ကို ဧပြီ ၂၆ ရက်နေ့အမေရိကန်ဈေးကွက်မှာ ဖြန့်ချိဖို့လည်း စီစဉ်ထားပေမယ့် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ Samsung အနေနဲ့ပွဲစီစဉ်သူတွေနဲ့နားလည်မှုလွဲတာကြောင့် မိတ်ဆက်မယ့် ရက် ကြန့်ကြာခဲ့တာလို့ဆိုပေမယ့် တော်တော်များများကတော့ ဒီအကြောင်းပြချက်ကို သံသယရှိနေကြပါတယ်။

         ဧပြီလတတိယပတ်အတွင်း reviewers တွေကို hands-on လုပ်ဖို့ပေးခဲ့တဲ့ Galaxy Fold ဖုန်းတွေဟာ ရက်ပိုင်းအတွင်း screen ကြောင်သွားတာ ၊ display အဆက်နေရာမှာ တွန့်ခေါက်သွားတဲ့ ပြဿနာတွေနဲ့ကြုံခဲ့ပြီးနောက် Samsung ဟာ ဒီပြဿနာကို စုံစမ်းနေခဲ့ပါတယ်။ Wall Street Journal မှာ ဖော်ပြချက်အရ ဖြန့်ချိမယ့်ရက်ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်း ဖြစ်ဖို့ရှိတယ်လို့ခန့်မှန်းထားပါတယ်။

         Channel News Asia နဲ့Samsung ပြောခွင့်ရပုဂ္ဂိုလ်တို့တွေ့ဆုံချိန်မှာ " မီဒီယာတစ်ချို့ကို ပေးထားတဲ့ Galaxy Fold review အလုံးတစ်ချို့မှာ ဝေဖန်မှု ရှိခဲ့ပြီးနောက် Samsung အနေနဲ့Galaxy Fold တွေကို အကောင်းဆုံးပုံစံဖြစ်စေဖို့အချိန်ယူနေပါတယ်။ "လို့ပြောခဲ့ပါတယ်။ Galaxy Fold ကို ပြန်မိတ်ဆက်မယ့်ရက် အတိအကျ မသိရသေးပေမယ့် Galaxy Fold ဟာ ဈေးကွက်မှာ အဆင်သင့်မဖြစ်သေးဘူးလို့ပြောရမှာပါ။

         Galaxy Fold ကို hands-on လုပ်ရင်း ပြဿနာကြုံခဲ့တဲ့ Bloomberg reviewer ဖြစ်သူ Mark Gurman ကတော့ သူဟာ ဖုန်းအပေါ်က screen protector ပြားကို ခွာပြီး သုံးကြည့်ခဲ့လို့အခုလို ဖြစ်ရသလားလို့Twitter မှာ ရေးသားခဲ့ပါတယ်။ တစ်ခုရှိတာက reviewers အကုန်လုံးတော့ ဒီ ပလတ်စတစ်ပြားကို ခွာပြီး သုံးခဲ့တာ မဟုတ်ပါဘူး။

         အမေရိကန်တယ်လီကွန်း carrier ဖြစ်တဲ့ AT&T ကတော့ လာမယ့် ဇွန် ၁၃ ရက်နေ့မှာ Galaxy Fold ခေါက်ဖုန်း ဖြန့်ချိမယ်လို့ကြေညာထားပေမယ့် တရားဝင် တင်ပို့မယ့်ရက် ဖြစ်မယ်လို့တော့ အာမခံလို့မရသေးပါဘူး။


က္က