မူပိုင်ခွင့် တင်ဆဲ အခြေအနေမှာပဲ ရှိနေပါတယ်

Xiaomi ကတော့ ကျောဘက်မှာ Solar Panel ပြား တပ်ဆင်ထားတဲ့ စမတ်ဖုန်း ဒီဇိုင်းအတွက် မူပိုင်ခွင့် တင်ထားပါတယ်။


Xiaomi ရဲ့ ဖုန်းသစ်ဟာ Full Screen ဒီဇိုင်းနဲ့လာဖို့ရှိပြီး ဘေးဘောင်တွေကို ပါးနိုင်သမျှ ပါးအောင် ထုတ်ထားတာ ဖြစ်ပါတယ်။ LetsGoDigital မှာ တင်ထားတဲ့ ပုံအရ Xiaomi ရဲ့ solar panel သုံး Full Screen စမတ်ဖုန်းမှာ fingerprint မတွေ့ရတာကြောင့် မှန်ပြင်အောက် လက်ဗွေနည်းပညာ သုံးသွားမယ်လို့ယူဆရပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုက အပေါ်ဘောင်တွေကိုပါ ဖြုတ်လိုက်တာပါ။



Photo: mspoweruser

အပေါ်မှာ Bezel မတွေ့ရတာကြောင့် ဆယ်လ်ဖီကင်မရာဟာ မှန်ပြင်အောက်မှာ ဝှက်ထားဖို့ရှိနေပါတယ်။မကြာသေးခင်က OPPO နဲ့အပြိုင် Xiaomi ဟာ in-screen selfie နည်းပညာကို မိတ်ဆက်ပြသခဲ့တာကြောင့် မှန်ပြင်အောက် ကင်မရာစနစ်ဟာ ဖြစ်နိုင်ခြေများပါတယ်။ in-display နည်းပညာတွေဟာ မှန်ပြင်အပြည့် စမတ်ဖုန်းဒီဇိုင်းတွေကို သွားဖို့တီထွင်ထားတဲ့ နည်းပညာပါ။

မူပိုင်ခွင့်ဒီဇိုင်းအရ Xiaomi ဟာ Edge-to-Edge screen ပါပြီး ကျောဘက် solar panel ကနေ အားသွင်းနိုင်မယ့် စမတ်ဖုန်းပုံစံယူထားတာ ဖြစ်ပါတယ်။ အလားတူ ဆိုလာစနစ်နဲ့အားသွင်းနိုင်တဲ့ နည်းပညာမျိုးကို LG ကလည်း တီထွင်ခဲ့ဖူးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ LG ဟာ ၂၀၁၀ ခုနှစ်က နေစွမ်းအင်နဲ့အားသွင်းနိုင်မယ့် Charging Cover တစ်မျိုး မိတ်ဆက်ခဲ့ပေမယ့် ၁၀ မိနစ်အားသွင်းချိန်မှာ ၂ မိနစ်အထိပဲ ဖုန်းပြောနိုင်တာကြောင့် လူကြိုက်နည်းခဲ့ပါတယ်။

Photo: wiredfocus

Xiaomi ရဲ့ နေစွမ်းအင်သုံး စမတ်ဖုန်းမှာလည်း နည်းပညာပိုင်းအရ ဘယ်လောက် အထင်ကြီးစရာ ကောင်းမလဲဆိုတာ ပြောမရသေးပါဘူး။ နောက်ပေါ် စမတ်ဖုန်းတွေဟာ ဘက်ထရီစွမ်းအင် အမြောက်အများသုံးရတဲ့ ခေတ်မှာ ပေါ်ထွက်လာတာ ဖြစ်လို့ဘက်ထရီပါဝါနဲ့Charging စနစ်ပိုင်းမှာလည်း သူ့ထက်ငါ ပိုကောင်းအောင် အပြိုင်အဆိုင် အဆင့်မြှင့်နေကြပါတယ်။

အခုချိန်အထိတော့ Xiaomi ရဲ့ solar powered စမတ်ဖုန်းအကြောင်း မသိရသေးသလို အများရှေ့မှောက် ရောက်လာမယ့် အကြောင်းလည်း မကြားရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က