affordable 5G ဖုန်းတွေ ပိုမြင်လာရဖို့ ရှိပါတယ်
Nyein Min Wai

မကြာခင်မှာ မိတ်ဆက်သွားဖို့ ရှိတဲ့ Reno 3 Pro 5G ဟာ dual-mode 5G ဖုန်းတွေထဲမှာ အပါးဆုံးဖုန်းတစ်လုံး ဖြစ်မယ်လို့ OPPO ရဲ့ ဒုဥက္ကဌ ဘရိုင်ယန်ချမ်က ဆိုပါတယ်။


OPPO Reno 3 Pro 5G ဟာ ကင်မရာ lens တွေ မပါ ၇.၇ မီလီမီတာပဲ ထူမှာ ဖြစ်လို့ ဒီဈေးတန်းဝင် dual-mode 5G ဖုန်းတွေထဲမှာ အပါးလွှာဆုံးဖုန်းအဖြစ် မြင်ရဖို့ ရှိပါတယ်။ ဒါတောင် သုံးထားတဲ့ ဘက်ထရီဟာ 4025mAh ပါဝါအကြီးစား ဖြစ်မယ်လို့ ဆိုပါတယ်။

Photo: GSMArena


OPPO Reno တွေဟာ pop-up ကင်မရာအဆန်းသုံးပြီး Full Screen ဒီဇိုင်းဘက်ကို အသားပေးထားတဲ့ ဖုန်းတွေပါ။ Reno 3 Pro 5G မှာတော့ pop-up ကင်မရာစတိုင်အစား ဘယ်ဘက်အပေါ်ထောင့်မှာ punch hole ကင်မရာပေါက်ကို သုံးလာဖို့ ရှိပါတယ်။ ရှေ့နဲ့ နောက်ဘက်တွေဟာ ကွေးညွှတ်ထားတဲ့ မှန် screen တစ်ခု ပါရှိပြီး ရှေ့ခြမ်းအပေါ်နဲ့ ဘေးတွေမှာ bezel တွေ မပါသလောက်နီးနီး ဖြစ်လာပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ OPPO Reno 3 Pro ဟာ မျက်နှာပြင် ၆.၅ လက်မ FHD+ AMOLED display နဲ့ လာပြီး လုံခြုံရေးစနစ်အနေနဲ့ in-display လက်ဗွေနည်းပညာ သုံးထားတယ်လို့ ဆိုပါတယ်။ ကင်မရာဟာ 60MP Sony IMX686 primary sensor ၊ 8MP secondary ကင်မရာ ၊ 13MP lens နဲ့ 2MP ကင်မရာ ဆိုပြီး ကျောဘက် ကင်မရာ ၄လုံးနဲ့ ရှေ့ဘက် 32MP ဆယ်လ်ဖီကင်မရာတို့ သုံးမယ်လို့လည်း သတင်းထွက်ထားပါတယ်။

ColorOS 7 UI သစ် ပထမဆုံး သုံးလာမယ့် ဒီဖုန်းဟာ Snapdragon 735 5G SoC ကိုလည်း အရင်ဆုံး သုံးလာဖို့ ရှိပါတယ်။ ကမ္ဘာကျော် chipmaker ကြီး ဖြစ်တဲ့ Qualcomm ဟာ OPPO ၊ Realme ၊ Vivo ၊ Redmi ၊ Motorola ၊ HMD နဲ့ LG စတဲ့ mid-range ဖုန်းတွေအတွက် 5G modem ပါပ Snapdragon 6 series နဲ့ 7 series တို့ကို ထုတ်လုပ်သွားမယ်လို့ ကြေညာထားတာပါ။

လာမယ့် တစ်နှစ် နှစ်နှစ်အတွင်းမှာ ဈေးသက်သာတဲ့ mid-range တန်းဝင် 5G ဖုန်းတွေ အပြိုင်အဆိုင် ထုတ်လာဖို့ ရှိပါတယ်။


Author


က္က