မေလ ၉ ရက်နေ့မှာ တရားဝင်သိရမှာပါ

Google နဲ့Huawei တို့ဟာ ဘက်ထရီချို့ယွင်းချက် ရှိထားတဲ့ Nexus 6P ဖုန်းပိုင်ရှင်တွေကို ဒေါ်လာ ၄၀၀ ပေးဖို့သဘောတူထားပါတယ်။

   Photo: Wired    



  Nexus 6P သုံးစွဲသူတွေ ဖုန်းသုံးရင်း မမျှော်လင့်ဘဲ shut downဖြစ်ဖြစ်သွားတဲ့ bootlooping နဲ့ကြုံပြီးနောက် Google နဲ့Huawei တို့ကို၂၀၁၇ ခုနှစ်ထဲမှာ တရားစွဲခဲ့ပါတယ်။ အမေရိကန်အရှေ့ပိုင်း တက္ကဆက်ပြည်နယ်တရားရုံးမှာ တရားစွဲမှုကနေ ဒီဧပြီ ၂၀၁၇ တရားစွဲမှုအတွက် Google နဲ့Huawei တို့အနေနဲ့Nexus 6P users တွေကို ဒေါ်လာ ၉.၇၅ သန်း ပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။

         တစ်နည်းအားဖြင့် ၂၀၁၅ စက်တင်ဘာ၂၅ ရက်နေ့ကစပြီး Nexus 6P ဝယ်ခဲ့သူတစ်ယောကို ဒေါ်လာ ၄၀၀ ပေးရမယ့် သဘောလည်း ဖြစ်ပါတယ်။ Google ဟာ အစောပိုင်းထွက်တဲ့ အန်းဒရိုက်ဖုန်းတွေအတွက် third-party ကုမ္ပဏီတွေကို ဒီဇိုင်းနဲ့ထုတ်လုပ်မှုပိုင်းအတွက် စာချုပ်ချုပ်ခဲ့ပြီး ဒီထဲမှာ Huawei လည်း ပါဝင်ခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့Nexus 6P ရဲ့ bootlooping ပြဿနာကို သိခဲ့ပေမယ့် bug ရှင်းတာ မလုပ်ခဲ့ဘဲ ထုတ်ကုန် warranty သဘောတူမှုကို ဖောက်ဖျက်ခဲ့တာပါ။

         တရားစွဲခဲ့တဲ့ Nexus 6P သုံးစွဲသူတွေကတော့ ဒီကုမ္ပဏီတွေဟာ bootlooping ပြဿနာရှိမှန်း သိလျက်နဲ့ချို့ယွင်းချက်ရှိတဲ့ ဖုန်းတွေကို ဆက်ရောင်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ Google နဲ့Huawei တို့ဘက်မှ ဒေါ်လာ ၉.၄၇ သန်း ဒဏ်ဆောင်ဖို့အချက်ကို ကနဦး သဘောတူထားပြီး တကယ်လို့မေလ ၉ ရက်နေ့မှာ တရားရုံးရဲ့ နောက်ထပ် ကြားနာမှု အတည်ဖြစ်မယ်ဆိုရင် အမေရိကန်က Nexus 6P ဝယ်သူတွေဟာ လျော်ကြေး ရတော့မှာပါ။

         လောလောဆယ် အဆိုပြုချက်အရ warrany exchange ပရိုဂရမ်ကနေ Pixel XL တစ်လုံး လဲခဲ့သူတွေဟာ အများဆုံး ၁၀ ဒေါ်လာ အထိပဲ ရမှာ ဖြစ်ပြီး bug အကြောင်း အထောက်အထားနဲ့ပြနိုင်သူကို ဒေါ်လာ ၄၀၀ အထိ ပေးသွားမှာပါ။ LG ဟာလည်း Nexus 5X ၊ LG G4 ၊ LG V10 ၊ LG V20 နဲ့LG G5 တို့မှာ အလားတူ Bootlooping ဖြစ်ရပ်ကြောင့် တရားစွဲခံရပြီး တစ်ယောက်ကို ၄၂၅ ဒေါ်လာ (သို့မဟုတ် refund အနေနဲ့ဒေါ်လာ ၇၀၀) ပေးခဲ့တယ်လို့The Verge မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က