မြန်မာငွေ ၄ သိန်းနဲ့အထက် ဈေးကနေ စတင်ရောင်းချသွားမှာပါ

Hongmeng OS သစ်ကို သုံးမယ့် စမတ်ဖုန်းကို Huawei ကုမ္ပဏီအနေနဲ့စမ်းသပ်နေပြီး နှစ်အကုန်မှာ ရောင်းချသွားဖို့ရှိတယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်တဲ့ Global Times သတင်းအရ Huawei Hongmeng OS သုံး စမတ်ဖုန်းဟာ ယွမ် ၂၀၀၀ ဝန်းကျင် ( မြန်မာငွေ ၄ သိန်း ၃ သောင်းခွဲ) ခန့်ဈေးကနေ စတင်ရောင်းချသွားမယ်လို့ဖော်ပြထားပါတယ်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ဟာ Google ရဲ့ Android OS နေရာမှာ အစားထိုးဖို့အတွက် ကိုယ်ပိုင် OS သစ်ကို အရင့်အရင် နှစ်တွေကတည်းက စမ်းသပ်ခဲ့တာပါ။




Photo: beebom

HongMeng OS သစ်ဟာ Google ရဲ့ Android OS စနစ်ထက် ၆၀% ပိုမြန်တယ်လို့လည်း သတင်းများမှာ ရေးသားနေကြပြီး ဒီ OS သစ်ကို တရုတ်မှာပဲ စတင် စမ်းသပ်နေတာဟာ နိုင်ငံတကာပရိတ်သတ်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမှု မရှိသေးတာကြောင့်လို့ဆိုပါတယ်။ HongMeng OS သစ် မှတ်ပုံတင်မှုကိုတော့ ကနေဒါ ၊ သြစတြေးလျ ၊ ကမ္ဘာဒီယား ၊ EU ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ မက္ကဆီကို ၊ စပိန် ၊ ဆွစ်ဇာလန်နဲ့ထိုင်းအပါအဝင် နိုင်ငံ အမြောက်အများမှာ Trademark တင်ထားပြီး ဖြစ်ပါတယ်။

Huawei အနေနဲ့ဒီ OS သစ် သုံးထားတဲ့ စမတ်ဖုန်းပေါင်း ၁ သန်း ကို တင်ပို့ရောင်းချဖို့စီစဉ်ပြီး ဖြစ်တယ်လို့Rosenblatt Securities မှာ ဖော်ပြထားပါတယ်။ Huawei အမှုဆောင်တွေကတော့ Hongmeng OS ဟာ Internet-of-Things ထုတ်ကုန်တွေမှာ သုံးဖို့အတွက် ဒီဇိုင်းထုတ်ထားတာလို့ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ ကုမ္ပဏီရဲ့ Hongmeng OS သုံးပြီး ထွက်လာမယ့် ထုတ်ကုန်ဟာ Honor အမှတ်တံဆိပ် စမတ်တီဗွီတစ်ခု ဖြစ်မယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

Photo: scmp

အမေရိကန်စီးပွားကူးသန်းဌာနရဲ့ ပိတ်ပင်မှုအရ Google ဟာ လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ကစပြီး Huawei ရဲ့ နောက်ထွက် ထုတ်ကုန်တွေမှာ support ပေးမှု ရပ်တန့်သွားဖို့ရှိပေမယ့် အခုထိတော့ သောင်မတင်ရေမကျကာလမှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုုဘာလထဲမှာပဲ Huawei ဟာ ကုမ္ပဏီရဲ့ flagship ဖုန်းဖြစ်တဲ့ Huawei Mate 30 series ကို ကြေညာသွားတော့မှာ ဖြစ်ပြီး ဒီဖုန်းမှာ Android OS စနစ် သုံးမသုံး မသေချာသေးဘူးလို့ကုမ္ပဏီရဲ့ Chairman ဖြစ်သူ လိုင်ဟွာက ဆိုပါတယ်။

အသစ်ထွက်လာမယ့် ဖုန်းတွေမှာ Android သုံးမသုံးကတော့ အမေရိကန်အစိုးရရဲ့ သဘောထားနဲ့သက်ဆိုင်နေဆဲ ဖြစ်ပြီး တကယ်လို့Android OS သုံးခွင့်မရရင်တော့ တစ်ခြား OS တစ်ခုခု သုံးသွားမယ်လို့လည်း ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က