ကျောဘက် triple lens စနစ်ကို ပထမဆုံးသုံးသွားဖို့ရှိပါတယ်။

Galaxy Note 8 က စပြီး dual cameras စနစ်ကို ပထမဆုံး သုံးလာတဲ့ Samsung ဟာ ၂၀၁၉ flagship မော်ဒယ် Galaxy S10+ မှာတော့ ကျောဘက် ကင်မရာ ၃ လုံးစနစ် triple lens နဲ့မိတ်ဆက်လာဖို့ရှိနေပါတယ်။



samsung_galaxy_s10_allaboutsamsung_main_1530881827967.jpg

photo: NDTV Gadgets

 

တောင်ကိုရီးယားမှ The Bell ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Samsung ဟာ နောက်နှစ်ဆန်းပိုင်းမှာ Galaxy S series စမတ်ဖုန်းသစ် ၃ မျိုးကို ဖြန့်ချိသွားဖို့ရှိတယ်လို့ဆိုပါတယ်။ ဒီထဲမှာ တန်ဖိုးအကြီးဆုံးမော်ဒယ် Galaxy S10+ ဟာ ကျောဘက် ကင်မရာ ၃ လုံးနဲ့ရှေ့ဆယ်လ်ဖီကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၅ လုံးနဲ့ထွက်လာမယ်လို့ဖော်ပြထားပါတယ်။

ဒီနှစ်ထဲမှာ Samsung ဟာ dual cameras ပါ Galaxy S9+ ကို မိတ်ဆက်သွားခဲ့တာ ဖြစ်ပြီး လာမယ့် S10+မှာတော့ ရှေ့ဘက် နဲ့ကျောဘက်မှာ ကင်မရာ တစ်လုံးစီ တိုးလာတာပါ။ Beyond 2 ဆိုတဲ့ ကုဒ်နာမည်နဲ့လာတဲ့ Galaxy S10+ဟာ အရင် Galaxy S9+ မှာသုံးသွားတဲ့ 12MP wide-angle ကင်မရာနဲ့12MP tele lens ကင်မရာ နှစ်လုံးအပြင် နောက်ထပ် ultra-wide angle 16MP ကင်မရာပါ ထပ်ထည့်သွားမယ်လို့ဆိုပါတယ်။

တကယ်လို့ဒီသတင်းသာ မှန်မယ်ဆိုရင် Galaxy S10+ ဟာ Galaxy ဖုန်းတွေထဲမှာ ultra-wide angle ကင်မရာကို ပထမဆုံးသုံးလာတဲ့ စမတ်ဖုန်းဖြစ်မှာပါ။ ultra-wide angle ကင်မရာ ဖြစ်လို့ဒီကင်မရာဟာ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ရှေ့ဆယ်လ်ဖီမှာ dual cameras သုံးတာကတော့ Samsung ဟာ Galaxy A8 မှာလည်း သုံးပြီးသားဖြစ်လို့အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျောဘက်မှာ triple lens သုံးလာတာကတော့ Samsung အတွက် လုံးဝ အသစ်စက်စက် ဖြစ်နေပါတယ်။ Galaxy S10+ နဲ့အတူ ထွက်လာမယ့် နောက်ထပ် ဖုန်းသစ် နှစ်မျိုးကတော့ ရိုးရိုး dual cameras နဲ့single lens တွေ ပါလာမယ့် ဖုန်းတွေ ဖြစ်ဖို့ရှိပါတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး triple lens စနစ်သုံး စမတ်ဖုန်းကို Huawei ဟာ P20 Pro မော်ဒယ်နဲ့စတင် ပွဲထုတ်ခဲ့ပြီးနောက် ဒီကင်မရာအတွဲအစပ်ဟာ စမတ်ဖုန်းကုမ္ပဏီများအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

Huawei P20 Pro (Photo: Cnet)

 

သတင်းတွေအရ Apple ဟာ လာမယ့် ၂၀၁၉ ကစပြီး triple lens ပါတဲ့ iPhone တစ်မျိုးကို မိတ်ဆက်သွားမယ်လို့ဆိုတာကြောင့် ကင်မရာသုံးလုံးနဲ့ဖုန်းတွေ နာမည်ကြီးလာမယ့် အချိန်နီးလာပြီလို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က