P20 Lite နဲ့ဆင်နေပါတယ်

Huawei ဟာ Nova 2i မှာကတည်းက ရှေ့နောက် dual cameras နှစ်စုံကို စပြီး သုံးသွားခဲ့တာဖြစ်လို့မဆန်းပါဘူး။ တစ်ခုရှိတာက Nova 2i မှာတုန်းကတော့ notch မပါခဲ့ပါဘူး။



 

photo: GSMArena

ကင်မရာ ၄ လုံး သုံးတဲ့ Nova 2i ဟာ ဈေးကွက်ပေါ် လိုက်ပြီး Honor 9i ၊ Maimang 6 ၊ Huawei Mate 10 Lite စသည်ဖြင့် အမျိုးမျိုး ထုတ်ထားတာပါ။ ဇူလိုင် ၁၈ ရက်နေ့မိတ်ဆက်သွားမယ့် Nova 3 မှာလည်း ရှေ့ဘက် selfie ကင်မရာ ၂ လုံး ၊ ကျောဘက် ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၄ လုံးသုံးသွားမယ်လို့ဆိုပါတယ်။ ဒီဇိုင်းအနေအထားမှာတော့ Nova 3 ဟာ Huawei P20 Lite နဲ့အတော်လေး ဆင်နေပါတယ်။

ပေါက်ကြားလာတဲ့ ပုံတွေမှာတော့ Nova 3 ဟာ အပြာနဲ့ရွှေ ကာလာသစ်များ ပါလာပြီး P20 Lite လိုပဲ ကျောဘက်မှာ fingerprint scanner ထားရှိထားပါတယ်။ Nova 3 ဟာ မျက်နှာပြင် ၆.၃ လက်မ FullView display နဲ့လာပြီး resolution အနေနဲ့2340 x 1080p ပါရှိမယ်လို့သတင်းပြေးနေပါတယ်။ processor ကိုတော့ 2.3GHz octa-core Kirin 710 SoC နဲ့အတူ RAM 4GB/64GB storage သုံးသွားဖို့ရှိပါတယ်။

photo: GSMArena

 

Huawei ရဲ့ EMUI ဆော့ဖ်ဝဲလ်အုပ်ထားတဲ့ Android 8.1 Oreo ဗားရှင်းပါ ဒီဖုန်းကို Paris လို့codename ပေးထားပါတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ မိတ်ဆက်ချိန်မှာတော့ ဒီဖုန်းရဲ့ ဈေးနှုန်းကို သိရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က