စက်တင်ဘာ ၅ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ
Nyein Min Wai

Huawei Mate 20 ကို အောက်တိုဘာလလယ်ရောက်မှ မိတ်ဆက်မှာ ဖြစ်ပေမယ့် Huawei Mate 20 Lite ကတော့ ဈေးကွက်ထဲ ရောက်တော့မှာပါ။

huawei_mate_20_lite_2.jpg

Photo: 9to5google

 

ဈေးကွက်ထဲ မရောက်သေးတဲ့ Huawei Mate 20 ကိုမှ အငယ်စား lite ဗားရှင်း အနေနဲ့ကြိုပြီး ထုတ်ထားတဲ့ Mate 20 Lite ဟာ AI နည်းပညာပံ့ပိုးချက်တွေ အပြည့်နဲ့ထွက်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၃ လက်မ 1080p screen နဲ့လာတဲ့ ဒီဖုန်းဟာ notch ပါတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ Huawei P20 ရှေ့ဒီဇိုင်း နဲ့Mate 10 ကျောဘက်ဒီဇိုင်းနှစ်ခု ပေါင်းစပ်ထားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

processor အနေနဲ့ထူးခြားတာတစ်ခုက NPU လို့ခေါ်တဲ့ AI လေ့လာမှုစွမ်းရည် ထည့်သွင်းထားတဲ့ Kirin 710 နဲ့ထွက်လာတာပါ။ ဒီ processor ဟာ mid-range အမျိုးအစား CPU ဖြစ်ပြီး မြင်ကွင်းမှတ်သိမှုနဲ့animoji လိုမျိုး AI လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

ဒါတွေအပြင် ကင်မရာ settings တွေကို အလိုအလျောက် ချိန်ညှိပေးမယ့် AI Scene Detection ၊ ဖုန်းခေါ်ဆိုချိန် ဘေးသံတွေ မဝင်အောင် စစ်ပေးသွားမယ့် AI Noise Cancellation နဲ့အွန်လိုင်းဈေးဝယ်လိုသူများအတွက် AI Shopping Assistant တို့လည်း ထည့်သွင်းထားပါတယ်။

RAM ပမာဏအနေနဲ့4GB နဲ့ထွက်ထားပြီး onboard storage 64GB ပါရှိမှာပါ။  ဘက်ထရီကတော့ Huawei ရဲ့ Quick Charge နည်းပညာပါဝင်တဲ့ 3750 mAh ဘက်ထရီ သုံးထားတာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ဆုံးထွက်ထားတဲ့ Nova 3 /3i များအတိုင်း ရှေ့ကင်မရာ ၂ လုံး ၊ ကျောဘက် ကင်မရာ ၂ လုံး ပါရှိပါတယ်။

ရှေ့ဘက်မှာ 24MP+2MP ကင်မရာနှစ်လုံးပါရှိပြီး ကင်မရာရိုက်ချက်နဲ့Q Moji ဖန်တီးချက်များအပြင် Face Unlock စနစ်အတွက် ပံ့ပိုးချက်တွေ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ 20MP+2MP ထောင်လိုက် ကင်မရာနှစ်လုံးတွဲ ပါရှိပြီး ကင်မရာရဲ့အောက်မှာ fingerprint scanner တစ်ခု ပါရှိပါတယ်။ ကျောဘက် ကင်မရာဟာ HDR Pro နည်းပညာ လို့ခေါ်တဲ့ ဓါတ်ပုံကာလာအဆင့်မြှင့်တင်တဲ့ နည်းပညာ တစ်ခု ပါလာပါတယ်။

201808280958285159.jpg

Photo: technave

 

Huawei Mate 20 Lite ဟာ EMUI 8.2 ဆော့ဖ်ဝဲလ်ပါရှိတဲ့ Android 8.1 Oreo နဲ့လာပါတယ်။ ဈေးကွက်ထဲကိုတော့ စက်တင်ဘာ ၅ ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ၃၇၉ ပေါင် ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က