high-end ဖုန်းအဖြစ် မြင်ရမှာပါ

ထွင်းဖောက်မြင် ကိုယ်ထည်နဲ့အဆင့်မြင့်ဆုံး processor သုံးတဲ့ Xiaomi Mi 9 ကတော့ မကြာခင် မြင်ရတော့မှာပါ။

         ဖေဖော်ဝါရီ ၂၀ ရက်နေ့တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားမယ့် Xiaomi Mi 9 ဟာ ရိုးရိုးမော်ဒယ်နဲ့Explorer Edition ဆိုပြီး နှစ်မျိုး ထွက်လာမှာ ဖြစ်ပါတယ်။ Mi 9 ဟာ Xiaomi ရဲ့ ၂၀၁၉ မော်ဒယ် flagship ဖုန်းတွေထဲမှာ ပါပြီး Snapdragon 855 chipset နဲ့လာမယ့် ဖုန်းတွေထဲမှာ ပါပါတယ်။



Photo: GSMArena

         Explorer Edition ကတော့ Xiaomi Mi 8 မှာ စပြီး ပါလာတဲ့ ဗားရှင်းဖြစ်ပြီး အဲဒီကတည်းက transparent body လို့ခေါ်တဲ့ အထဲကို လှမ်းကြည့်နိုင်တဲ့ အကြည်သားကိုယ်ထည်နဲ့လာပါတယ်။ ဒီနှစ်မှာ မိတ်ဆက်သွားမယ့် Mi 9 Explorer Edition မှာလည်း ထွင်းဖောက်မြင်ကိုယ်ထည် ၊ in-display လက်ဗွေနည်းပညာ နဲ့ကျောဘက် ကင်မရာ ၄ လုံး သုံးသွားမှာပါ။

         နောက်တစ်ခု Qualcomm Snapdargon 855 SoC ဟာ WiFi 6 ပံ့ပိုးမှုပါလာတာကြောင့် ၂၀၁၉ မော်ဒယ် high-end ဖုန်းတွေမှာ WiFi 6 နည်းပညာကို သုံးလာမှာ ဖြစ်ပါတယ်။ Xiaomi Mi 9 ဟာ ပရီမီယံတန်းဝင်ဖုန်းဖြစ်လို့နောက်ဆုံးထွက် Snapdragon 855 processor ပါရှိပြီး RAM/storage အတွဲကို 6GB/128GB ကနေ စပြီး ပါလာဖို့ရှိပါတယ်။

Photo: iXBT.com   

     ဘက်ထရီပိုင်းမှာ Xiaomi Mi 9 ဟာ 27W fast charging အားသွင်းစနစ်ပါလာဖို့ရှိပြီး Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 ပါလာမှာပါ။ ကင်မရာအနေနဲ့48MP ပင်မကင်မရာ ၊ 12MP အရန် ကင်မရာ ၊ ToF 3D sensor သုံးလုံးတွဲကင်မရာစနစ်ကို Mi 9 မှာ ပါလာဖို့ရှိပါတယ်။ Explorer Edition မှာ သုံးမယ့် ကင်မရာစနစ်ကို မသိရသေးပေမယ့် ကင်မရာ ၄ လုံးတွဲစနစ်ကို သုံးသွားမယ်လို့ဆိုပါတယ်။

        ဈေးနှုန်းအနေနဲ့တရုတ်ဈေးကွက်မှာ ရိုးရိုးမော်ဒယ်ကို ၃၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) နဲ့Explorer Edition ကို ၅၉၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်း ခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။     


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က