low-light ကင်မရာရိုက်ချက်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ

စမတ်ဖုန်းကင်မရာတွေထဲမှာ ရုပ်ထွက်အမြင့်ဆုံးပေးနိုင်မယ့် ကင်မရာ sensor ကို မိတ်ဆက်ထားတဲ့ Sony ဟာ မကြာခင်မှာ ဒီကင်မရာကို သုံးထားတဲ့ ဖုန်းကို IFA2018 ပွဲမှာ ကြေငြာသွားဖို့ရှိနေပါတယ်။



xperia-xz3-leak-1-1024x576.jpg

photo: Slash Gear

 

လေးထောင့်စပ်စပ် ဖုန်းဒီဇိုင်းတွေကနေ Xperia XZ2 Compact ကစပြီး အားလုံး ဘေးဘောင် လေးဘက်ကွေး ဒီဇိုင်းကို ပြောင်းသုံးလာခဲ့ပြီ ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၇ လက်မ 18:9 screen ဒီဇိုင်းသုံး Xperia XZ3 အဖြစ် အသစ်ထွက်လာမယ့် မော်ဒယ်ကတော့ ဒီဇိုင်းအပြောင်းအလဲတင် မဟုတ်ဘဲ ကင်မရာစနစ်မှာ ကျောဘက် single camera တစ်လုံးတည်းသုံးပြီး ထူးထူးခြားခြား မိတ်ဆက်သွားဖို့ရှိနေပါတယ။်

XZ2 Premium မှာ ကျောဘက် 12MP+19MP ကင်မရာနှစ်လုံးသုံးပြီး ISO 51200 အဆင့်မီ ဓါတ်ပုံတွေနဲ ့အလင်းစနစ်ကို နှစ်ဆ ပံ့ပိုးပေးနိုင်မယ့် ISO 12800 စံချိန်မီ ဗွီဒီယိုရိုက်ကူးစနစ်တွေ သုံးလို့ရအောင် ထုတ်ထားတာပါ။ XZ3 မှာလည်း XZ2 Premium အတိုင်း dual cameras စနစ်ကို မျှော်လင့်ခဲ့ပေမယ့် CompareRaja နဲ့OnLeaks ပေါ်တက်လာတဲ့ render ဗွီဒီယိုအရ ဒီဖုန်းဟာ ကျောဘက်မှာ single lens တစ်လုံးတည်း သုံးသွားဖို့ရှိတယ်လို့ဆိုပါတယ်။

GFXBench ပေါ်မှာတော့ single lens သုံးတဲ့ Sony XZ3 ဟာ ကင်မရာပိုင်းမှာ အထူးခြားဆုံးပုံစံသစ်နဲ့ပွဲထွက်လာမယ်လို့ဖော်ပြထားပါတယ်။ ဒီဖုန်းဟာ 47MP (7932 x 5932) ရုပ်ထွက်မြင့် ကင်မရာသုံးသွားမယ်လို့ဆိုတာကြောင့် ဒီရက်ပိုင်းကပဲ Sony ကနေ ကြေငြာထားတဲ့ ကမ္ဘာ့ ရုပ်ထွက်အမြင့်ဆုံးဓါတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ 48MP (8000 x 6000) ကင်မရာ sensor ကို ပြောတာ ဖြစ်ဖို့များပါတယ်။

 

IMX586 sensor သုံး 48MP ကင်မရာဟာ ရုပ်ထွက်မြင့် ကင်မရာစနစ်အပြင် အလင်းအားနည်းတဲ့ အချိန်နဲ့နေရာမျိုးမှာ အရည်အသွေးမြင့် ဓါတ်ပုံ ရိုက်ကူးရေးအတွက် အဓိက ထုတ်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက low-light အနေအထားမှာ pixel လေးခုကို ၁ ခုတည်းအဖြစ် ပေါင်းစည်းပြီး ရိုက်ကူးသွားမှာ ဖြစ်လို့ညပိုင်း ရိုက်ချက်တွေမှာ 12MP 1.6 micron pixel ကင်မရာနဲ့ညီမျှတဲ့ ပုံတွေ ရိုက်ကူးနိုင်တော့မယ်လို့Sony က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရုပ်ထွက်အမြင့်ဆုံး high-resolution စမတ်ဖုန်းကင်မရာတွေကတော့ Huawei P20 Pro မှာ သုံးတဲ့ 40MP ကို ယှဉ်နိုင်မှာပါ။ နောက်ထပ်ထူးခြားတာက ဒီဖုန်းဟာ XZ2 Premium အတိုင်း headphone jack မပါတော့ဘဲ Type C ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် flagship ဖုန်းဖြစ်တဲ့အတိုင်း ဒီဖုန်းဟာ Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 845 SoC နဲ့ အရင် Xperia XZ2 မော်ဒယ်များလို ရေစိုခံပြီး wireless charging နဲ့Quick Charge အားသွင်းစနစ်များ သုံးနိုင်ဖို့ရှိပါတယ်။

photo: XDA Developers

 

Sony အနေနဲ့ဒီဖုန်းကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပမယ့် IFA 2018 ပွဲမှာ မိတ်ဆက်သွားဖို့ရှိပြီး စိတ်ဝင်စားဖို့အကောင်းဆုံးဖုန်းအဖြစ် စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က